Wednesday, January 28, 2026

ပျံကျစျေးသည်များ လမ်းဘေးစျေးမရောင်းရန် စည်ပင်များ ပိတ်ပင်

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် စားဝတ်နေရေးအတွက် ပျံကျစျေးသည်များ စျေးရောင်းရာမှာ မြို့နယ်စည်ပင်က ၃ ရက် အတွင်း ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ လမ်းဘေးဈေးသည်များသည် လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ကျူးကျော်ပြီး ရောင်းနေသည့်အတွက် မြို့နယ်စည်ပင်က (၃) ရက်အတွင်း ဖယ်ရှားပေးစေရန် ညွှန်ကြားထားသည်။

တာချီလိတ် ပျံကျစျေးသည်များ

“ဖယ်ရှားခိုင်းတာ မခက်ဘူး။ ဘယ်မှာ သွားရောင်းရမှန်း မသိတာ ခက်တယ်၊ ခက်တယ်ဆိုကလည်း စားဝတ်နေရေးအတွက်ကော မိသားစုအတွက်ကော ဝမ်းစာရှာနေရတယ်ဆိုတော့ ခက်တယ်။ ဆိုင်တွေကတော့ အမိုးအကာနဲ့ ရောင်းတာ ဆိုတော့ ရွှေ့ရင်လည်း လွယ်ပါတယ် “ဟု စျေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ ဈေးသည်များသည် ယခင်က ရုမ်းရိုးမကွင်းထဲ စျေးရောင်းချခဲ့ရာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့်အချိန်တွင် ပိတ်လိုက်ရပြီး ယခုအချိန်ထိ မဖွင့်လှစ်ပေးသည့်အတွက် ဈေးသည်များသည် ရှမ်းရိုးမကွင်းရှေ့ တွင် စျေးရောင်းစားနေရကြောင်း အထက်ပါ စျေးသည်အမျိုးသမီးက ပြောသည်။

တာချီလိတ် ပျံကျစျေးသည်များ

ထိုအပြင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းဘေးတွင် ရောင်းနေသော လမ်းဘေးဈေး သည်များလည်း စည်ပင်သာယာရေး ဌာနက ဖယ်ရှား ပိတ်သိမ်းခိုင်းကြောင်း တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းဘေးဈေးသည်တွေ လိုက်ပိတ်ခိုင်းတော့ အဆင်မပြေဘူး။ စားဝတ်နေရေး အတွက်အလုပ်လုပ်နေရတယ် ဆိုတော့ ဒုက္ခတော့ ရောက်တာပေါ့။ ပြီးတော့ အခုတောင်ကြီးမြို့လည်း အလုပ်ရှားလာတယ်”ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေး ရှုပ်ထွေးနေချိန် ကုန်းစျေးနှုန်း မြင့်တက်နေချိန်ကာလအတွင်း ပြည်သူများစားဝတ်နေရေး ခက်ခဲလာကာ စည်ပင်ဘက်မှလည်း စည်းကမ်းတင်းကြပ်လာသဖြင့် စျေးသည်များ စျေးရောင်းရန် အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...