နိုင်ငံရေးကြပ်တည်းနေချိန် ကျိုင်းတုံဟော်နန်းပုံစံတူ ကျပ်သိန်း ၄ သောင်းကျော် ကုန်ခံပြီး တည်ဆောက်မည်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ သျှမ်းစော်ဘွားဟော်နန်း ပုံစံတူကို စစ်ကောင်စီအုပ်စုမှ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံပြီး တစ်နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျိုင်းတုံဟော်နန်းအသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည့်အကြောင်း နှင့် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တာဝန်ယူကာ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံ ဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်တွင် ကျိုင်းတုံမြို့မှ သံဃာတော်များ၊ ဂေါပကများ နှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ နှင့် စစ်ကောင်စီဝင်များ စုပေါင်းကာ ဟော်နန်းအသစ်ဆောက်လုပ်မည့် မြေနေရာ၌ ပရိတ်ရွတ်ခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီက ကျိုင်းတုံပုံစံတူ ဟော်နန်းသစ်ဆောက်မယ့်ပုံ

“မနေ့က သံဃာတော် ၈ ပါး နဲ့ ဒုတိုင်းမှူး အပါအဝင် ဂေါပကတွေ၊ ဌာနဆိုင်ရာနဲ့စစ်ကောင်စီဝင်တွေ စုပေါင်းပြီး ကျိုင်းတုံ ဟော်နန်းသစ်ဆောက်မယ့် မြေနေရာပေါ်မှာ ပရိတ်ရွတ်ခဲ့တယ်၊ တစ်နှစ်အတွင်း ပြီးစီးအောင်လုပ်မယ်၊ ကုန်ကျစားရိတ်အတွက် သိန်းပေါင်း လေးသောင်းကျော်ကိုလည်း စစ်ကောင်စီက တာဝန်ယူသွားမယ်”ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ဟော်နန်းကျိုင်းတုံအသစ်ကို ယခင်မူလဟော်နန်း ပုံစံအတိုင်းပြန်လည်တည်ဆောက်မည့်အကြောင်းနှင့် လာမည့် ၂၀၂၃ ဇူလိုင်လအတွင်း ပြီးစီးအောင် မင်းဒင်ကုမ္ပဏီမှ တာဝန်ယူ လုပ်ဆောင်သွားမည်ဟု သိရသည်။

“ဒီဟော်နန်းအသစ်ကိုလည်း လက်ဆင့်ကမ်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ပြည်သူတွေနဲ့ သံဃာတော်တွေ လက်ထဲအပ်ပြီး စစ်ကောင်စီတွေဘက်က အပ်သွားမယ်လို့လည်းသိရတယ်” ဟု လုံးစိုင်းဆမ်တစ်ဆေက ပြောသည်။

ထပ်မံတည်ဆောက်မည့် ကျိုင်းတုံဟော်နန်းအသစ်သည် နောင်တုံဘက်သို့ မျက်နှာမူ တည်ဆောက်မည်ဖြစ်ပြီး အရှေ့မျက်နှာစာ ၁၀၁ ပေ နှင့် အနောက်မျက်နှာစာ ၁၂၁ ပေ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာလည်း အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ပန္နက်ရိုက်ခဲ့ကြောင်းလည်း ဒေသခံများ ထံမှသိရသည်။

၁၉၀၆ ခုနှစ် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလိုင် မှ တည်ဆောက်ထားသည့် သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားကြီးများ၏ အမွေအနှစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အာဏာသိမ်း နဝတ စစ်အစိုးရက ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီ ၄၁ မိနစ်က မိုင်းခွဲဖြိုချဖျက်ဆီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...