Wednesday, February 11, 2026

စစ်ကောင်စီ

ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ  စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း  ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။ “ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။ “ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။  PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက်...

အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO)  ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO  (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။ အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး  (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။ အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S –...

မူဆယ်မြို့ သိန်း ၂၅၀ ဆက်ကြေးပေးရန် ခြိမ်းခြောက်တောင်းခံသည့် အုပ်စုရှိနေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် အမည်မသိ လူတစ်စုသည် မြန်မာငွေကျပ်သိန်း ၂၅၀ ကို ဆက်ကြေးအဖြစ် ပေးဆောင်ရန် ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးထံ ခြိမ်းခြောက်တောင်းခံနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် အမည်မသိ လူတစ်စုသည် မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ...

ခိုလမ်မြို့တပ်ထိန်းတပ်မှူးဇနီးက စာချုပ်ပါအတိုင်း ပစ္စည်းသိမ်းယူခြင်းဖြစ်ဟု အုပ်ချုပ်ရေးမှူးပြော

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်းရှိ နေအိမ်တစ်ခုကို တပ်ထိန်းတပ်မှူး ဇနီးက အိမ်ရှင် မရှိသည့်အချိန် နေအိမ်သော့ကို ရိုက်ချိုးကာ ပစ္စည်းသွားသိမ်းယူခြင်းသည် ငွေချေး စာချုပ်အတိုင်းသွားရောက် ယူဆောင်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်မှူး ထံသိရှိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ခိုလမ်မြို့ ရပ်ကွက်...

နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုယ်တိုင်သက်တမ်းတိုးရန် ခက်ခဲနေကြ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် PJ စာအုပ်ကို မြန်မာသံရုံးထံ ကိုယ်တိုင်သွားရောက် သက်တမ်းတိုးရာတွင် မကြာခဏ ရက်ရွှေ့မှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၄) ရက်က မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများ အနေဖြင့် ဖောဖော်ဝါရီလ ၁၃ ရက်တွင်...

ခိုလမ်မြို့ အမျိုးသမီးတစ်ဦး တပ်ထိန်းတပ်မှူး ဇနီးထံ ပိုက်ဆံချေးရာမှ အိမ်တွင်း ပစ္စည်းများကို ဖောက်ယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ရှိ အမျိုးသမီးတစ်ဦးသည် တပ်ထိန်းတပ်မှူး ဇနီးထံ အကြွေးသိန်း ၃၀ တင်ထားရာမှ အကုန်မဆပ်နိုင်သေးသဖြင့် ၎င်းအမျိုးသမီး နေအိမ်တွင်းမရှိချိန်တွင် သော့ဖျက်ပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်း...

မိုင်းစစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စု အကြောက်ဆုံးအရာ

နိဒါန်း ၂၀၁၃ ခုနှစ်မှသည် ယနေ့အချိန် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်ဖြစ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့အပြောင်းများအား အစဉ်တစိုက်လေ့လာစောင့်ကြည့်လာခဲ့သည့် BNI-Myanmar Peace Monitor အနေ ဖြင့် စစ်အာဏာသိမ်းကာလအတွင်း ခုခံတော်လှန်စစ်အခြေအနေနှင့် အလားအလာဦးတည်ရာများ၊ စစ်ကောင် စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများ၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲခုခံတော်လှန်စစ်ကြောင့်...

နေပြည်တော် – ပင်လောင်း စစ်ကောင်စီမှ လမ်းဧရိယာ တိုးချဲ့မည်

နေပြည်တော် - ပင်လောင်းမြို့ထိ လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်သဖြင့် မလွှတ်ကင်းသည့် နေအိမ်များကို စစ်ကောင်စီမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ လမ်းဦးစီးဌာနက လမ်းနယ်အတွင်း ဖယ်ရှားပေးရန် အကြောင်းနှင့် ပတ်သက်ပြီး စာစောင်ထုတ်ပြန်ခဲ့ကာ နေပြည်တော် ကင်းသာလမ်းခွဲကနေ ကိုးကွေ့၊ လိန်းလီ ပင်လောင်း...

ရွာငံမြို့နယ် ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်းဝင်ရောက်၊ မီးရှို့ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီ တပ်ဖွဲ့က ဖောက်ထွင်း ဝင်ရောက်သည့်အပြင် တချို့အိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၅ ရက်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ အလယ်ချောင်ကျေးရွာ နှင့်...

သမီးဖြစ်သူကို ညစ်ညမ်းစွာ သုံးနှုန်းမစနောက်ဖို့ ဝင်တားရာမှ ဖခင်ဖြစ်သူ ဓားခုတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ နယ် စျေးဆိုင်ရောင်းနေသည့် အသက် ၂၀ အရွယ်ရှိ သမီးဖြစ်သူကို အမျိုးသား တစ်စုက ညစ်ညမ်းသော စကားလုံးဖြင့် လာရောက်စနောက်ချိန် ဖခင်ဖြစ်သူက ဝင်တားမြစ်ရာမှ ဓားခုတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင်...

Latest news