ခိုလမ်မြို့ တပ်မှူး၏ဇနီး ပစ္စည်းများ ပြန်ပေးသော်လည်း အိမ်မရောက်သေး

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် တပ်ထိန်းတပ်မှူး၏ဇနီးသိမ်းယူသွားသည့် ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်သွားပေးဆောင် သော်လည်း လက်ရှိအချိန်ထိ အိမ်မရောက်သေး စုံစမ်းသိရှိရသည်။

ခိုလမ် တပ်ထိန်းမှူးဇနီးသယ်သွားသည့်ပစ္စည်းများ

ပြီးခဲ့သည့် မတ် ၂၅ ရက် ခိုလမ်မြို့ ရပ်ကွက် ၆ အမျိုးသမီးအိမ်ထဲတွင် တပ်ထိန်းတပ်မှူးဇနီးက အိမ်ရှင်မရှိချိန် သွားရောက် ယူဆောင်ခဲ့သည့် ပစ္စည်းများကို ပြန်သွားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက် ၆ တွင်းနေထိုင်သည့် အမျိုးသမီးသည် တပ်မှူးဇနီးထံ ငွေသိန်း ၃၀ အကြွေးတင် ထားသောကြောင့် တပ်မှူးဇနီးက အိမ်ရှင်မရှိချိန် နေအိမ်တွင်း ပစ္စည်းများကို သွားရောက်ယူဆောင်ခဲ့သည်။

“ ပြန်လာပေးပြီးလို့ပြောတယ်။ ဒါမဲ့ အိမ်မရောက်သေးဘူး။ ရပ်ကွက်အုပ်ချုပ်ရေးအိမ်မှာရှိတယ်တဲ့။ သွားမယူရသေးဘူး” ဟု ရပ်ကွက် ၆ အတွင်းနေထိုင်သည့် အမျိုးသမီးက ပြောသည်။

ခိုလမ် တပ်ထိန်းမှူး၏ ဇနီးသယ်သွားသည့်ပစ္စည်းများ

တပ်မှူးဇနီးသိမ်းယူသွားသည့် ကုတင် နှင့် စတီးခုံးများကို ယမန်နေ့ (မတ် ၂၈) ည ၉ နာရီခွဲအချိန်တွင် သွားရောက်ပေးဆောင် ခဲ့သော်လည်း အိမ်ရှင်က နေအိမ်တွင်မရှိသည့်အတွက်ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးအိမ်ထံ သွားရောက်ထားရှိကြောင်း သိရသည်။

“ မနေ့ညပြန်သွားပေးတာတဲ့။ သွားပေးတော့ အိမ်မှာ လူမရှိလို့ ကျနော်အိမ်မှာလာထားထားတာ။ ကျနော်တို့လည်း ဘာလုပ်ပေးရမလဲမသိတော့ဘူး။ ဘာကြောင့် ပြန်သွားပေးတာလဲတော့ ကျနော်တို့လည်း မသိဘူး” ဟု ခိုလမ်မြို့ ရပ်ကွက် ၆ အုပ်ချုပ်ရေးမှူး က ပြောသည်။

ပစ္စည်းများလာရောက်သယ်ချိန်တွင် နေအိမ်ထဲတွင် တစုံတဦးမရှိသည့်အတွက် နေအိမ်ခြံတံခါးနှင့် နေအိမ်တံခါးများကို သော့ဖျက်ပြီး ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို သယ်ခဲ့ရာမှ ပစ္စည်းလာပေးချိန်တွင် လူမရှိသည့်အတွက် အုပ်ချုပ်ရေးမှူးကိုပေးခဲ့ရခြင်းမှာ လွှဲမှားနေကြောင်း လည်း ပစ္စည်းသိမ်းခံရသည့် အမျိုးသမီး၏ နီးစပ်သူတစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လာသယ်တုန်းကတော့ လူမရှိလည်း အိမ်ခြံဖျက်သိမ်တယ်။ ပြန်ပေးတော့ လူမရှိလို့ အုပ်ချုပ်ရေးမှူးအိမ်ထားတယ်ဆိုတာ မဟုတ်သေးဘူး။ သူတို့ဘက်က စာချုပ်အတုတွေချုပ်တာပါ။ ချေးငှားတုန်းက ဘာစာချုပ်မှမရှိကြဘူး။ နောက်ပြီး အတိုးပေးထားတယ်လေ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရပ်ကွက် ၆ တွင်းနေထိုင်သည့် အမျိုးသမီးသည် စီးပွားရေးလုပ်ရန်အတွက် တပ်မှူးဇနီးထံ ပိုက်ဆံ သိန်း ၃၀ ချေးငွေယူခဲ့ပြီး ၊လက်ရှိမှာ အချို့တဝက်ပြန်ဆပ်ထားပြီး အနည်းငယ်ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခိုလမ်မြို့နယ် နွား ၁၁ ကောင် မိုးကြိုးစက်ကွင်းထိပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...