Wednesday, January 28, 2026

စစ်ကောင်စီ

ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင် ဒရုန်းထပ်မံကြဲ၊ အရပ်သားတစ်ဉီးသေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားသည့် နောင်ပိန်ကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်က ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နေ့လယ် ၁၂ နာရီခန့်မှ စတင်ပြီး နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ်...

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်ကော်မရှင်က ရွေးကောက်ပွဲကို ရအောင်ကျင်းပမည်

နိုင်ငံအနှံ့ ဝိုင်းဝန်းတိုက်ခိုက်ခံရမည့်အရေးကို စိုးရိမ်နေရသည့် စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

TNLA ထိန်းချုပ် သီပေါမြို့ စစ်ကော်မရှင်  လေကြောင်း ဗုံးကြဲ အရပ်သား ၂ ဦးထက်မနည်းထိခိုက်

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော  သီပေါမြို့ကို စစ်ကော်မရှင်က  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၁၈ ရက်) မနက် ၉ နာရီခွဲဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသော သီပေါမြို့ပေါ်ရှိ  အနောက်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့ကို စစ်ကော်မရှင်က  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဉီးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ပြောသည်။ “ ပေါင်း ၅၀၀ ဗုံးနဲ့လာကြဲတာ။ရ ွှေဧည်သည် ဟိုတယ်နား တဝိုက်ပဲ။ ၂ ယောက်ထိတယ် လို့ပဲသိရသေးတာ။ ထိခိုက်တာတွေ ထပ်ရှိနိုင်မယ်။သေချာမသိရသေးဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။  သီပေါမြို့ပေါ် ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုကို သျှမ်းသံတော်ဆင့်မှဆက်လက်စုံစမ်းနေသည်။ သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၁၀) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် (သြဂုတ်လ ၉ ရက်) နေ့တွင်လည်း သီပေါမြို့ပေါ်ရှိ မြန်မာရပ် နှင့် ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ကလောမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်မည့် ကျပ်ငွေ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ သိမ်းဆည်းရမိ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သွားမည့် ကျပ်ငွေ ၄ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူကို ရမည်းသင်းမြို့နယ်တွင် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက် နံနက် ၆နာရီတွင် ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် ဘိန်းဖြူ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁...

ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...

နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူလူထု သတ်ဖြတ်ခံရမှု ရွှေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ဟု စစ်ခေါင်းဆောင်ပြော

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း...

လူကြီးသုံးဒိုက်ဘာ၊ တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီထပ်မံ တင်သွင်းခွင့်ပိတ်

လူကြီးသုံး ဒိုက်ဘာနှင့် တစ်သျှူး အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၅ မျိုးကို စစ်ကောင်စီက နယ်စပ်မှတဆင့် တင်သွင်းခွင့် ထပ်မံပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကုန်ပစ္စည်း ၃၅ မျိုးကို ပိတ်ပင်ရခြင်းသည် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှစ၍ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း...

တောင်ကြီး စစ်မှုထမ်းအပတ်စဉ်(၁)ထဲ စုဆောင်းခံရပြီး ရှေ့တန်းတွင်သေဆုံးမှု ခြောက်လကြာမှ မိသားစုဝင်များထံ အသိပေး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမှတ်စဉ် (၁) အဖြစ် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းခြင်းခံရပြီး သေဆုံးသွားကာ ခြောက်လကြာမှ မိသားစုထံ အသိပေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသတင်းပေးမှုကြောင့် ယမန့်နေ့ (သြဂုတ် ၁၂)ရက်တွင် နာရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် မောင်ချမ်းမြေ့အောင်သည် စစ်ကောင်စီ၏ အမှတ်စဉ်(၁) သင်တန်းကို...

Latest news