တောင်ကြီးရောက် လားရှိုးစစ်ရှောင်တစ်ဦး ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ဖမ်းဆီးခံထားရ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။

“ဒါက ဖေ့ဘုတ်လို ဆိုရှယ်မီဒီယာပေါ် ပို့စ်တင်တာ၊ ရှယ်တာ လုပ်တဲ့လူတွေအထိ စစ်ကောင်စီက စောင့်ကြည့်နေတဲ့ အနေအထားပဲ။ အရင်က VPN ကိစ္စနဲ့ ဖမ်းပြတယ်၊ အခုကျတော့ ရွေးကောက်ပွဲကို နှောင့်ယှက်လို့ဆိုပြီး ဘယ်သူမှ မသိသေးတဲ့ ဥပဒေတွေ ပုဒ်မတွေနဲ့ ဖမ်းသွားတာ။ ရွေးကောက်ပွဲအကြောင်းကို ဘယ်သူမှ မဝေဖန်ရဲအောင် လုပ်ပြနေတာ”ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လ (၂၃) ရက်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက်(၅) ၌ ဖြစ်ပွားခဲ့သော အမျိုးသမီးမောင်းနှင်လာသည့် ကားကို အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာသည့် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ် လုယူသွားသည့် ဖြစ်စဉ်ကို Lashio Baegyi အမည်ရှိ ဖေ့စ်ဘုတ် အကောင့်ဖြင့် ပြန်လည်မျှဝေရာတွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားထားသည်။

ထိုနောက် စစ်တပ်ထောက်ခံသူများက Lashio Baegyi အကောင့်ပိုင်ရှင်ကို အရေးယူပေးရန် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်ခဲ့ကြပြီး စစ်ကောင်မရှင်တပ် လုံခြုံရေးအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ အေးသာယာမြို့ ရပ်ကွက်(၁)၊ အမှတ် (၄၄/၅၇) တွင် နေထိုင်သူ ကိုနေသွေး အား နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းကိုင်ဆောင်သော Xiaomi Civi-1 အမျိုးအစား ဖုန်းအား စစ်ဆေးခဲ့ရာ လူမှုကွန်ရက် စာမျက်နှာတွင် Lashio Baegyi အကောင့် နာမည်ဖြင့် ရွေးကောက်ပွဲ ပျက်ပြားစေရန် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသဖြင့် အေးသာယာ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ – ၂၃(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။

တောင်ကြီးမြို့နယ် အေးသာယာမြို့မရဲစခန်းတွင် ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကိုနေသွေး သည် လားရှိုးမြို့မှ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး ကိုနေ အမည်ဖြင့် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကာ အမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီး အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၂၉ ရက်တွင် စစ်ကော်မရှင်မှ အသစ်ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(က) အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ပြားစေရန် ‌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တားမြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အကယ်၍ ၎င်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် အနည်းဆုံး ထောင်ဒဏ် (၃)နှစ်မှ အများဆုံး (၇)နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲလုံခြုံရေးကော်မတီများကို ဗဟိုအဆင့်မှ တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဟန့်တားခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ပြဋ္ဌာန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...