Wednesday, January 28, 2026

လေကြောင်းဗုံးကြဲ

သီပေါမြို့နယ် စစ်ကောင်စီ လေကြောင်း ဗုံးကြဲ အရပ်သားတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တောင်ရပ်ကွက်ကို ယနေ့ (စက်တင်ဘာ ၁၆)ရက် နံနက် ၉နာရီကျော်၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့ တောင်ရပ်ကွက် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဖြင့်...

နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲ အမျိုးသမီး နှစ်ဦးသေဆုံး၊ အမျိုးသား တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပင်တီးအုပ်စု ပန်စုံကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ် ဦးဒဏ်ရာရရှိသည်ဟု စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်)နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး နှစ်လုံးကြဲချပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး...

နိုင်ငံတဝှမ်း ရေဘေးသင့်နေစဥ် စစ်တပ် ဗုံးကြဲ၍ ဖားကန့် ဆိုင်းတောင်ရွာ မီးလောင်နေ

နိုင်ငံတဝှမ်း ရေဘေးကြောင့် ပြည်သူများ အတိဒုက္ခရောက်နေစဥ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသဖြင့် မီးလောင်နေကြောင်း ဒေသခံများက ယနေ့ ( စက်တင်ဘာလ ၁၂ ရက်) တွင် ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဆိုင်းတောင်ရွာရှိ လပ်ကီးမန်း...

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ထားသည့် နယ်မြေ ဗုံးကြဲခံရမည်ကို ဒေသခံများစိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့များတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ မြို့အတွင်း၌ မအိပ်ရဲတော့ဘဲ ညအိပ်ချိန်ကို နီးစပ်ရာ ကျေးရွာများသို့ ရှောင်တိမ်းနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်မှ နမ့်ခမ်းမြို့ပေါ်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများသည် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို...

လားရှိုး နမ္မကျောက်မီးသွေးတွင်း ဗုံးထပ်ကြဲခံရ၊ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် သတိပေး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် (၃)ဖွဲ့က သတိပေးလိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၁ နာရီခန့်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ထပ်မံဗုံးကြဲ...

ပန်ဆိုင်းမြို့ပေါ် လေကြောင်းစိုးရိမ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အထက စာသင်ကျောင်းကို လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA က ကျောင်း (၂) ရက် ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ...

လေကြောင်း ထပ်မံဗုံးကြဲခံရသည့် လားရှိုးမြို့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၁၂ ဦးနှင့် သေဆုံးသူ အရပ်သားများရှိသည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်း ၁၀ နာရီကျော်အချိန်တွင် လားရှိုးမြို့...

လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီကျော်တွင် ဗုံးထပ်ကြဲနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။ လားရှိုးမြို့ ရပ်ကွက် (၁) ဗျူဟာလမ်းနှင့် ထွေအုပ်ရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချသွားကြောင်း လားရှိုးမြို့ခံ...

စစ်ရှုံးသည့် စစ်ကောင်စီ လူအိပ်မောကျချိန် လားရှိုးမြို့ပေါ် ဗုံးလာကြဲ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးလာကြဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၈)ရက် နံနက် ၄နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂)တွင် စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံး...

လူအိပ်မောကျချိန် စစ်ကောင်စီ နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်အတွင်း လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် စုစုပေါင်း (၁၁) ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၆ ရက်) နံနက် ၁ နာရီခွဲခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်)...

Latest news