လေကြောင်း ထပ်မံဗုံးကြဲခံရသည့် လားရှိုးမြို့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၁၂ ဦးနှင့် သေဆုံးသူ အရပ်သားများရှိသည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်း ၁၀ နာရီကျော်အချိန်တွင် လားရှိုးမြို့ ရပ်ကွက် ၁ ဗျူဟာလမ်းနှင့် ထွေအုပ်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၂ ကြဲချပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်နေအိမ်

ထို့အပြင် ထိခိုက်ဒဏ်ရာများကို ဆေးရုံသို့ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် အသေအပျောက်အလောင်းများကိုမှု ထပ်မံရှာဖွေနေသည်ဟု ဆိုသည်။

“အခုမြို့ထဲမှာ နေရတာမလုံခြုံဘူး။ ဘယ်အချိန် ဗုံးလာကြဲမှာ မသိတော့ဘူး။ စိုးရိမ်စိတ်ကတော့ တစ်ရိပ်ရိပ်ပဲ။ အခုကမြို့ကို ထွက်ခွာသွားဖို့ဆိုလည်း အဆင်မပြေဘူးလေ။ မြို့ကိုထွက်သွားရင် နေဖို့စားဖို့က စဉ်းစားရပြန်ရရော” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ရပ်ကွက် ၁၂ အားကစားကွင်းနှင့် Silver Sky ဟိုတယ်မှ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ဖြစ်နိုင်ရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ မြို့ထဲမှာမနေဘဲ သူတို့သိမ်းထားတဲ့ တပ်တွေမှာနေရင် ပြည်သူတွေအတွက် အန္တရာယ်ပိုကင်းနိုင်မယ်ထင်တယ်။ ပြည်သူနဲ့ ရောထွေးနေတော့ သိပ်အဆင်မပြေဘူး။ လုပ်ချင်တာကသူတို့၊ ထိတာက ပြည်သူတွေပဲ ဖြစ်နေတယ်။ စစ်တပ်ကတော့ အပေါ်ကနေ သူတို့ရှိတယ်လို့ ထင်ရင် ထင်သလိုကြဲချမှာပဲ။ အခုကလေ လေယာဉ်လာရင် မဲဖောက်နေရသလိုပဲ။ ဒီနေ့ ဘယ်သူ့အိမ်ပေါ်ကျ မလဲဆိုပြီး တွေးပူနေတယ်” လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ထိန်းချုပ်ပြီးနောက် ၁ လကျော်ကာလအတွင်းမှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...