လယ်ယာမြေ
ကျိုင်းတုံဒေသ ရေခမ်းခြောက်မှုကြောင့် လယ်ယာစိုက်ပျိုးမှု ခက်ခဲရင်ဆိုင်နေရ
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း ရေခမ်းခြောက်မှုများ ကြုံတွေ့နေရပြီး လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်တော့ကြောင်း စုံစမ်းသိရသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထား လုပ်ကိုင်နေသည့် ကျိုင်းတုံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသည် လက်ရှိ အချိန်ထိ စပါးမစိုက်ပျိုးနိုင်သေးကြောင်း၊ ယခင် ဒေသခံများအသုံးပြုနေသည့် ရေအရင်းအမြစ်များသည်လွန်ခဲ့သည့် နှစ်မှစတင်ကာ ခမ်းခြောက်လာသဖြင့်...
အနာဂတ်မျိုးဆက်သစ်များလုပ်ကိုင်စားသောက်နိုင်ဖို့ သိမ်းထားသည့်လယ်ယာမြေများပြန်စွန့်လွှတ်ပေးရန် ဆီဆိုင်လယ်သမားများ တောင်းဆို
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခုပြုခဲ့ကြသည်။ မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်မြို့ခံ လယ်သမား၃၀၀ ခန့်သည် - “ကျွနု်ပ်တို့ ဒေသမှာ မြေလွတ် မြေလပ် မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည် ကျွနု်ပ်တို့၏ယဉ်ကျေးမှုဖြစ်သည်...
လားရှိုးမြို့တွင် ဂေါက်ကွင်းအတွက်သိမ်းဆည်းထားသည့်မြေများမှ လူထုအားဖြတ်သန်းခွင့်မပြုသဖြင့် လယ်ယာသွားရန်အခက်တွေ့နေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တပ်မှ သိမ်းဆည်းထားသည့်လယ်ယာမြေများ၏ အတွင်းပိုင်းကျသော ခြံမြေများသို့ လူထုအား သွားရောက်လုပ်ကိုင်စားသောက်ခွင့်မပြုသဖြင့် လူထုအခက်တွေ့နေရကြောင်း သိရသည်။ သံချပ်ကာတပ်ရင်း ၇၀၀၅ မှ ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းဆည်းထားသော ဟူးမွန်ကျေးရွာအုပ်စု ခေးခမ်းရွာသားများ၏ လယ်ယာ ခြံမြေများအားဖြတ်သန်းကာ (မသိမ်းရသေးသော) အတွင်းပိုင်းကျသည့် ခြံမြေများသို့ပါ ရွာသားများအား သွားရောက်စိုက်ပျိုး ခွင့်မပေးလိုသဖြင့်...
သိမ်းဆည်းခံရ ကျေးသီးမှ မြေယာဧက ၅၀၀၀ ကျော်ရှိ လူထု၏မြေများပြန်လည်တောင်းဆိုနိုင်ရေး ကွင်းဆင်းတိုင်းတာစစ်ဆေးမည်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် လယ်ယာမြေများအား မြေတိုင်းဦးစီးဌာနနှင့်အတူ ကွင်းဆင်းတိုင်းတာနိုင်ရန် လယ်ယာပိုင်ရှင် နှင့် ရပ်ရွာအကြီးအကဲများ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ နို၀င်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျေးသီးမြို့ မိုင်းကောင်ဝ်အုပ်စု မိုင်းကောဝ် ဘုန်းကြီးကျောင်းတွင်...
ပုံစံ (၇) အတွက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမြေဧရိယာ(၃) သန်းခန့်ရှိ
သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာပေါင်း (၃) သန်းဝန်း ကျင်ခန့်ရှိကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှသိရသည် ။ လက်ရှိအစိုးရလက်ထက်(၁) နှစ်တာကာလအတွင်း သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်မှု ဆောင်ရွက် ရန်မည့် လုပ်ငန်းပမာဏ...
မြေယာသိမ်းဆည်းသည့်ကိစ္စ လွှတ်တော်တိုင်ကြားစာစီစစ်ရေးကော်မတီထံပို့မည်ဟု လွှတ်တော်အမတ်ပြော
ညောင်ရွှေမြို့နယ်အတွင်း မြေယာသိမ်းဆည်းမှုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တိုင်ကြားစာ စီစစ်ရေး ကော်မတီထံပို့ရန် စီစဉ်နေကြောင်း ညောင်ရွှေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၁) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကပြော သည် ။ ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ...





