Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ပြောင်းစိုက်ခင်း ၂ည ဆက်တိုက်ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်တွင် ပြောင်းစိုက်ခင်းများ ၂ည ဆက်တိုက် ဖျက်ဆီးခံရကြောင်း စုံစမ်း သိရှိရသည်။

၂ည ဆက်တိုက် ဖျက်ဆီးခံရသည့် ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်ခင်းများ ပုံ( Photo by Mg Mg/ Facebook )

တောင်သူများစိုက်ပျိုးထားသည့် ပြောင်းခင်းများသည် ဇူလိုင် ၃ရက်နှင့် ဇူလိုင် ၄ရက် ၂ည ဆက်တိုက် ဖျက်ဆီးခံရပြီး၊ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်း ဧက ( ၃၄.၈) ဧကရှိပြီး၊ တောင်သူ ၁၀ ဦးကျော် စိုက်ထားသည့် ပြောင်းပင်များ ဖြစ်ပြီးကြောင်း တောင်သူများ ပြောပြချက် အရသိရသည်။။

“ကျနော် စိုက်ထားတဲ့ ၁၂ ဧက အားလုံးဖျက်ဆီး ခံလိုက်ရတယ်။ ဆုံးရှုံးသွားတဲ့ အရင်းနှီးလည်း မနည်းဘူး။ သိန်း ၂၀ ကျော် လောက် ယူထားတဲ့ အတိုးနှုန်းတွေ ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘူး” ဟု ပြောင်းစိုက်တောင်သူ ခွန်မောင်ကြီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

၂ည ဆက်တိုက် ဖျက်ဆီးခံရသည့် ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်ခင်းများ ပုံ (Photo by Mg Mg)

လက်ရှိ ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်းနေရာသည် ဆီဆိုင်မြို့နယ် မှ တောင်သူများပိုင်ဆိုင်သည့်မြေယာမြေဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉၉၆ ခုနစ် တွင် တပ်မှ (၁၉၀၀) ဧက ကျော် ကို အတင်းအဓမ္မသိမ်းဆည်းခဲ့သည်။

တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင်လာရောက် အကြောင်းကြားမသိပေးခြင်းမရှိသကဲ့သို့ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်သည့်တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစုံတရာ မရရှိခဲ့ကြကြောင်း တောင်သူများက ပြောသည်။

ထိုမြေယာပေါ်တွင် တပ်နှင့် တောင်သူများအငြင်းပွားမှု ဖြစ်ပွားနေသည့် မြေသော်လည်း ထိုမြေသည် တောင်သူများ၏ စားဝတ်နေရေး ဖြေရှင်းနေရသည့် မြေဖြစ်သည်။

“စိုက်ထားတဲ့ပြောင်းပင်တွေက တပ်သိမ်းမြေပါ။ ဧက ၁၉ ၀၀ ကျော်ရှိတယ်။ အဲ့ဒီထဲမှာ တောင်သူတွေက ကိုယ့်ခြံထဲမှာပဲ စိုက်ကြတာပါ။ စိုက်တဲ့ခါကျတော့ နေ့ခင်းပိုင်းမှာဆိုလို့ရှိရင် တပ်တွေက အစောင့်တွေနဲ့ သေနတ်တွေနဲ့ စောင့်နေကြတယ်။ အခု ဖျက်သွားတာက ည ပါ” ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်းသည် ဆီဆိုင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ်နှင့် (၄၂၄)တပ်တို့ ၏ အနောက်တည့်တည့် တွင် စိုက်ပျိုးထားသည့် ပြောင်းပင်များဖြစ်ကြောင်း ဦးစံဝင်းမောင် က ပြောပြသည်။

“ပြောင်းပင်တွေကို အုပ်စုလိုက် ဖျက်ဆီးသွားတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာတော့ တောင်သူ တွေ အနေနဲ့ လက်ပူးလက်ကြပ် မသိရဘူး။ တောင်သူ အချင်းချင်း ပြန်ဖျက်ဆီးတာမဖြစ်နိုင်ဘူး” ဟု ဦးစံဝင်းမောင် က ဆိုသည်။

ဆီဆိုင်မြို့နယ် အတွင်းရှိ တောင်သူများ ဓလေ့သဘာဝ အရ စိုက်ပျိုးရာသီ ရောက်ပါက အချင်းချင်း အလေ့ကျ ကူညီ စိုက်ပျိုးကြသဖြင့် တောင်သူအချင်းချင်း ဖျက်ဆီးခြင်းမဖြစ်နိုင်ကြောင်း၊ မည်သည့် အုပ်စုလာရောက်ဖျက်ဆီးသည်ကို စုံစမ်းနေဆဲ ဟု လည်း တောင်သူများက ပြောဆိုလိုက်သည်။

ဖျက်ဆီးခံရသည့် ပြောင်းပင်တချို့ သည် အမြင့်ပေ ၃ပေ အထက်ရှိပြီး၊ တချို့ပင်များသည် ပြောင်းအနံ့ စတင်ထွက်နေပြီ ဖြစ်ကြောင်း သိရသည်။

“ ပြောင်းပင်က အမြင့် ၃ ပေလောက်ရှိတယ်။ တစ်ချို့ပြောင်းပင်တွေက အနံ့ ထွက်နေပြီ။ စိုက်တာ တစ်ယောက် နဲ့ တစ်ယောက် မတူတော့ အမြင့်တွေ မတူကြဘူး” ဟု ခွန်မောင်ကြီး က ဆိုသည်။

၂ည ဆက်တိုက် ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်း ဧက (၃၂.၈)ဧက အတွက် တောင်သူများက ဥပဒေ ကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို ပြောင်းစိုက်ခင်း ဖျက်ဆီးခံရသည့် နောက်ဆက်တွဲ အနေဖြင့် စားဝတ်နေရေး၊ ကလေးပညာ အတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း၊ သက်ဆိုင်ရာမှလည်း လာရောက်ကူညီကြည့်ပေးစေလိုကြောင်းလည်း တောင်သူများက ပြောဆိုလိုက်သည်။

ဆီဆိုင်မြို့နယ် အတွင်း ကျေးရွာ ၅ရွာ ပိုင်ဆိုင်သည့် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူနှင့်တပ်သည် မေလနှောင်းပိုင်းမှစတင်ကာ မြေယာအငြင်းပွားမှုဖြစ်ပွားခဲ့ကာ တောင်သူ ၇၀ ကျော်ကို တပ်မှ တရားစွဲဆိုထားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော်...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ‌တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အ‌နောက်တောင်ဘက်တို့တွင် စစ်‌ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...