Wednesday, January 28, 2026

ပုံစံ (၇) အတွက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမြေဧရိယာ(၃) သန်းခန့်ရှိ

သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာပေါင်း (၃) သန်းဝန်း ကျင်ခန့်ရှိကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှသိရသည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်း အခမ်းအနား

လက်ရှိအစိုးရလက်ထက်(၁) နှစ်တာကာလအတွင်း သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်မှု ဆောင်ရွက် ရန်မည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာမှာ (၂,၇၉၃,၅၂၆) ဧရိယာခန့် ရှိပြီး လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့သည့် တောင်သူပေါင်း (၁၉,၀၂၅)ဦး ၊ ဦးပိုင်ပေါင်း (၂၇,၀၅၂) ဦးပိုင်နှင့်ဧရိ ယာ ပေါင်း (၇၂,၅၃၁)ဧက ဆောင်ရွက်ပြီးစီးခဲ့သည်ဟု အဆိုပါဌာန၏ အချက် အလက်များအရသိရသည် ။

သျှမ်းပြည်နယ်အတွင်း မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ၂၁(ဂ) အရ အသုံးပြုခြင်းမရှိသည့် မြေယာများထဲမှ ထက်ဝက်ခန့် ပြန်လည် သိမ်းဆည်းထားပြီး ဖြစ်ကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဦး ကပြောသည် ။

သျှမ်းပြည်နယ်အတွင်း အသုံးပြုခြင်းမရှိသည့် မြေလွတ်မြေရိုင်းများ အားပြန် လည်သိမ်းဆည်းထားသော ဧကပေါင်း ၁၉၉,၇၉၈ ဧကရှိကြောင်း၊ စုစုပေါင်း ဧက ၄သိန်းကျော်ရှိသည့် အနက် မြေဧက ၂ သိန်းခန့်ကိုပြန်လည်သိမ်း ဆည်းပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဆောင်ရွက်သွားမည်ဟု မေလ (၂၅) ရက်နေ့က သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေးဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်းအခမ််းအနားတွင် ညွှန်ကြား ရေးမှူး ဦးသိန်းဦး က ဖြေကြားသွားခဲ့ခြင်းဖြစ်သည် ။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေး ခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေများနှင့် အညီ (၁-၁- ၂၀၁၃ ) ရက်နေ့မှစ တင်ပြီးဆောင်ရွက်ခဲ့ရာ သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ် ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရန်(၃၁-၃-၂၀၁၈)နေ့အထိစုစုပေါင်း ထုတ်ပေး ပြီးစီးမှုအနေဖြင့် တောင်သူပေါင်း(၃၂၃,၀၁၆)ဦး ၊ ဦးပိုင်ပေါင်း (၄၁၈,၇၇၈)ဦး ပိုင် ၊ ဧရိယာပေါင်း (၁,၀၉၇,၀၄၃)ဧက ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သျှမ်း ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဆက်လက် သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...

လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...

လားရှိုးတိုင်းရင်းသားလယ်ယာမြေ ဘုံပျောက်လာနိုင်

0
သို့ သျှမ်းသံတော်ဆင့် သတင်းဌာနမှ တဆင့် အများပြည်သူ သိရှိစေရန် ဖော်ပြပေးစေလိုခြင်း။ သျှမ်းပြည် လားရှိုးမြို့က လယ်ယာမြေ ပွဲစား နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လယ်ယာမြေတွေကို အကွက်ရိုက်ပြီး တရုတ်တွေဆီ ရောင်းချနေပါတယ်။ လယ်ယာမြေတွေ တရားမဝင် ရောင်းဝယ်နေကြပြီး ပွဲစား နဲ့ ပေါင်းပြီး...

ဆီဆိုင်မြို့နယ် လယ်ယာမြေ သိမ်းခံရသော တောင်သူများ စစ်တပ်မှ အမှုဖွင့် ဒဏ်ငွေရိုက်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်တပ်မှ ဒေသခံ တောင်သူများထံ လယ်ယာမြေသိမ်းထားပြီး တောင်သူများကို အမှုဖွင့်ခြင်း၊ ဒဏ်ငွေ ပေးဆောင်ရခြင်းများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့က ဆီဆိုင်မြို့နယ်ရှိ တရားရုံးမှ တောင်သူ ၃၇ ဦးကို စစ်တပ် မှ ပုဒ်မ...

မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းများ ရေလျှံကာ လယ်ကွက်ပေါင်းများစွာ ရေလွှမ်းမှုကြောင့် လယ်ပိုင်ရှင်များ ဒုက္ခရောက်နေ ကြရကြောင်း သတင်း သိရသည်။ မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ မိုးများအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်း နေမှုကြောင့်...