ပုံစံ (၇) အတွက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမြေဧရိယာ(၃) သန်းခန့်ရှိ

သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာပေါင်း (၃) သန်းဝန်း ကျင်ခန့်ရှိကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှသိရသည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်း အခမ်းအနား

လက်ရှိအစိုးရလက်ထက်(၁) နှစ်တာကာလအတွင်း သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်မှု ဆောင်ရွက် ရန်မည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာမှာ (၂,၇၉၃,၅၂၆) ဧရိယာခန့် ရှိပြီး လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့သည့် တောင်သူပေါင်း (၁၉,၀၂၅)ဦး ၊ ဦးပိုင်ပေါင်း (၂၇,၀၅၂) ဦးပိုင်နှင့်ဧရိ ယာ ပေါင်း (၇၂,၅၃၁)ဧက ဆောင်ရွက်ပြီးစီးခဲ့သည်ဟု အဆိုပါဌာန၏ အချက် အလက်များအရသိရသည် ။

သျှမ်းပြည်နယ်အတွင်း မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ၂၁(ဂ) အရ အသုံးပြုခြင်းမရှိသည့် မြေယာများထဲမှ ထက်ဝက်ခန့် ပြန်လည် သိမ်းဆည်းထားပြီး ဖြစ်ကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဦး ကပြောသည် ။

သျှမ်းပြည်နယ်အတွင်း အသုံးပြုခြင်းမရှိသည့် မြေလွတ်မြေရိုင်းများ အားပြန် လည်သိမ်းဆည်းထားသော ဧကပေါင်း ၁၉၉,၇၉၈ ဧကရှိကြောင်း၊ စုစုပေါင်း ဧက ၄သိန်းကျော်ရှိသည့် အနက် မြေဧက ၂ သိန်းခန့်ကိုပြန်လည်သိမ်း ဆည်းပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဆောင်ရွက်သွားမည်ဟု မေလ (၂၅) ရက်နေ့က သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေးဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်းအခမ််းအနားတွင် ညွှန်ကြား ရေးမှူး ဦးသိန်းဦး က ဖြေကြားသွားခဲ့ခြင်းဖြစ်သည် ။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေး ခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေများနှင့် အညီ (၁-၁- ၂၀၁၃ ) ရက်နေ့မှစ တင်ပြီးဆောင်ရွက်ခဲ့ရာ သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ် ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရန်(၃၁-၃-၂၀၁၈)နေ့အထိစုစုပေါင်း ထုတ်ပေး ပြီးစီးမှုအနေဖြင့် တောင်သူပေါင်း(၃၂၃,၀၁၆)ဦး ၊ ဦးပိုင်ပေါင်း (၄၁၈,၇၇၈)ဦး ပိုင် ၊ ဧရိယာပေါင်း (၁,၀၉၇,၀၄၃)ဧက ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သျှမ်း ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဆက်လက် သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။ သိန္နီတံတားကြီးအနီးနှင့် လမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ လယ်ကွက်များကို တရုတ်ရင်းနှီးမြှုပ်နှံသူများက အဓိကပစ်မှတ်ထား၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိ ဒေသတွင်းကာလပေါက်ဈေးအရ လမ်းမကြီးဘေးရှိ လယ်မြေတစ်ဧကလျှင် မြန်မာကျပ်ငွေ သိန်း...

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကိုင်ဆောင်သူများ လိုက်နာရမည့် ဥပဒေပါ စည်းကမ်းချက်များ ထုတ်ပြန်

0
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ယနေ့ (ဧပြီလ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သည်။ လယ်ယာမြေဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃)...

ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...

တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...

လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...