Tuesday, January 27, 2026

ကျိုင်းတုံဒေသ ရေခမ်းခြောက်မှုကြောင့် လယ်ယာစိုက်ပျိုးမှု ခက်ခဲရင်ဆိုင်နေရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း ရေခမ်းခြောက်မှုများ ကြုံတွေ့နေရပြီး လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်တော့ကြောင်း စုံစမ်းသိရသည်။

သစ်ပင်ဖြုန်းတီးမှု များဖြစ်နေတဲ့ သျှမ်းရှေ့ ကျိုင်းတုံဒေသ ( ဓာတ်ပုံ နန်းမာလာဝမ်း)

လယ်ယာစိုက်ပျိုးရေးကို အဓိက အားထား လုပ်ကိုင်နေသည့် ကျိုင်းတုံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသည် လက်ရှိ အချိန်ထိ စပါးမစိုက်ပျိုးနိုင်သေးကြောင်း၊ ယခင် ဒေသခံများအသုံးပြုနေသည့် ရေအရင်းအမြစ်များသည်လွန်ခဲ့သည့် နှစ်မှစတင်ကာ ခမ်းခြောက်လာသဖြင့် စိုက်ပျိုးရေး အတွက် အခက်အခဲရင်ဆိုင်နေရသည် ဟု ကျိုင်းတုံတွင်နေထိုင်သူများ က ပြောဆိုလိုက်သည်။

“ အခု ထိ ကျနော်တို့လယ်မစိုက်ရသေးဘူး။ မနှစ်က စပြီး ရေတွေခမ်းလာတယ်။ ဒီနှစ်က ပိုဆိုးပြီး လယ်တွေ မစိုက်ရသေးဘူး” ဟု ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စုနေ ဝမ်ကိန် ကျေးရွာ တွင်နေထိုင်သည့် တောင်သူ ဦးလှမောင် က ပြောပြသည်။

လက်ရှိမှာ မိုးရွာသီရောက်နေသော်လည်း ရေများမရသဖြင့် လယ်ယာမစိုက်ပျိုးနိုင်ကြောင်း၊ လယ်ယာမစိုက်ပျိုုးနိုင်ပါက ရေရှည် စားဝတ်နေရေး အတွက် အခက်အခဲဖြစ်လာနိုင်သည် ဟု ဦးလှမောင် က ပြောသည်။

ယနေ့ ချိန်ထိ လယ်ယာမစိုက်ပျိုးနိုင်သေးသည့် လယ်ယာများ( ဓာတ်ပုံ နန်းမာလာဝမ်း)

“ လယ်မစိုက်နိုင်ရင်တော့ နောက်နှစ်အတွက် စားဝတ်နေရေးခက်မယ်။ နောက် ကျောင်းတက်တဲ့ကလေးတွေ ကျောင်းမတက်နိုင်တော့ဘူး” ဟု ဦးလှမောင် က ဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာ အများစုသည် လယ်ယာစိုက်ပျိုးရေးကိုသာ အားထားနေရသည့် ဒေသဖြစ်ပြီး၊ ထိုလယ်ယာစိုက်ပျိုးရေး အဆင်မပြေမှုများပြုပါက နောက်ဆက်တွဲပြဿနာများစွာ ရင်ဆိုင်လာရမည်ဖြစ်ကြောင်း လည်း ကျိုင်းတုံမြို့နယ် လွယ်လုံအုပ်စု ပါဦးယန်းကျေးရွာတွင်နေထိုင်သည့် စိုင်းတစ် က ပြောသည်။

“ ဒီနှစ်က သောက်ဖို့ရေရော ချိုးဖို့ရေရောမရှိဘူး။ လိုက်ရှာသောက်နေရတယ်။ မနှစ်ကထက် ရေရှားလာတယ်။ လယ်ကတော့ မလုပ်ရဘူး။ ဆန်လည်းမရှိဘူး” ဟု စိုင်းတစ် ကဆိုသည်။

ယနေ့ ချိန်ထိ လယ်ယာမစိုက်ပျိုးနိုင်သေးသည့် လယ်ယာများ( ဓာတ်ပုံ နန်းမာလာဝမ်း)

သောက်သုံးရေ မရှိသည့်အတွက် အလွန်အခက်ကြုံနေရကြောင်း၊ ရေတွင်း ရေကန်များ လည်းရေခမ်းခြောက်နေကြောင်း၊ ရေချောင်းများ၊ တောင်ကျရေမှ အစ ရေခမ်းခြောက်ပြဿနာ ကြောင့် ကျေးရွာတွင် အခက်အခဲများစွာရင်ဆိုင်နေကြောင်းလည်း ပါဦးယန်းကျေးရွာတွင်နေထိုင်သူများက ပြောသည်။

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ် အနီးပတ်ဝန်းကျင်တွင် သတ္တုတူးဖော်မှုများပြားလာခြင်း၊ တဖက်တွင်လည်း သစ်တောများ ရှင်းလင်းခြင်း တောင်များရှင်းလင်းခြင်းမှုကြောင့် သစ်တောပြုန်းတီးမှု ချောင်းရေတိမ်ကောမှုများစွာရှိလာကြောင်း၊ ထိုသစ်တောများပြန်လည်ကောင်းမွန်ရန် အတွက် အချိန်များစွာ ယူရမည်ဖြစ်သော်လည်း တဖက်တွင် အကြီးစားလုပ်ငန်းများ လျော့နည်းသွားခြင်းမရှိဘဲ ပိုများလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ပိုပြီး ပျက်စီးလာနိုင်ကြောင်း လည်း သျှမ်းသဘာဝပတ်ဝန်းကျင် သုတေသန ပြုလုပ်နေသူ စိုင်းခေးဆိုင် က ပြောသည်။

“ သစ်တော ပြန်ကောင်းမွန်ဖို့ လုပ်ဖို့ က အချိန်ယူရမယ်။ အခုက သစ်တောပြန်ကောင်းမွန်ဖို့ထက် အကြီးစားလုပ်ငန်းတွေက ပိုများလာတာကိုတွေ့ရတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ သစ်တောပြန်ထိန်းသိမ်းမှုတွေက မညီမျှမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်မယ်” စိုင်းခေးဆိုင် က ဆိုသည်။

ထို့ပြင် သျှမ်းပြည် အရှေ့ပိုင်းတွင် ယခုနောက်ပိုင်း ရာဘာခြံများစွာစိုက်ပျိုးလာမှုကြောင့်လည်း ရေအရင်းအမြစ် ဆုံးရှုံးလာရခြင်းဖြစ်သည်ဟု သျှမ်းသဘာဝ ပတ်ဝန်းကျင် လုပ်ဆောင်နေသူများက ပြောဆိုလိုက်သည်။

“ ရာဘာစိုက်တာတွေကလည်း ပြဿနာဖြစ်ပါတယ်။ ရာဘာစိုက်တာကလည်း သူက နည်းနည်းဆိုရင်မပြောလောက်ဘူး ။ အခုက ဧက သောင်းနဲ့ချီတယ်။ ရာဘာဆိုတာ များသောအားဖြင့် ရေစုပ်ယူမှုများတယ်။ရေအသုံးပြုမှုများတယ်။ စိုက်ပြီးရင် အဲ့ဒေသကတော့ ခမ်းခြောက်တဲ့ဒေသဖြစ်လာတယ်” ဟု စိုင်းခေးဆိုင် က ထပ်လောင်းပြောသည်။

လက်ရှိ သျှမ်းရှေ့ လယ်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့် ရေခမ်းခြောက်မှု ပြဿနာကို သက်ဆိုင်ရာ က အမြန်ဖြေရှင်းပေးစေချင်ပြီး၊ ရေခမ်းခြောက်မှု နှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည်ကို လာရောက်ကြည့်စေချင်ကြောင်းလည်း တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...