Tuesday, January 27, 2026

မြေယာသိမ်းဆည်းသည့်ကိစ္စ လွှတ်တော်တိုင်ကြားစာစီစစ်ရေးကော်မတီထံပို့မည်ဟု လွှတ်တော်အမတ်ပြော

ညောင်ရွှေမြို့နယ်အတွင်း မြေယာသိမ်းဆည်းမှုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တိုင်ကြားစာ စီစစ်ရေး ကော်မတီထံပို့ရန် စီစဉ်နေကြောင်း ညောင်ရွှေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၁) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကပြော သည် ။

ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြ

ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြရာတွင် ထိုသို့ဆိုလိုက်ခြင်းဖြစ်သည် ။

“ ဒီမဲဆန္ဒနယ်ကလွှတ်တော် ကိုယ်စားလှယ်တွေကို ကျနော်တို့ စာနဲ့အလီလီ ၊ ဖုန်းနဲ့အခါခါ ဆက်သွယ်ပြီး ဒီကိစ္စကို ကွင်းဆင်းစစ်ဆေးပေးဖို့ အကူအညီ တောင်းခဲ့တယ် ၊ တစ်ခါမှ လာရောက်ဆွေးနွေးပေးတာမျိုးမရှိဘူး ” ဟု မိုင်းသောက် ကျေးရွာအုပ်စု မီးသွေးဖုတ် ကျေးရွာ နေတောင်သူတစ်ဦး ဖြစ်သည့် ကိုကျော်သူ ကပြောသည် ။

“ ဒါကတော့ အစိုးရအလုပ်ဗျ ၊ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်က ကြား ၀င်ညှိနှိုင်းပေးလို့ပဲရမယ် ကျနော်တို့ဆုံးဖြတ်ပေးလို့မရဘူးဗျ ။ကျနော်ပြောတယ်လေ မြေတိုင်းစစ်တို့ ဘာတို့တိုင်ကြား စာ စစ်ဆေးတို့ဆီ စာတင် လိုု့ပြောတာ သူတို့မှ မတင်တာ ။ သူတို့က ကျနော့ဆီဖုန်းနဲ့ပဲဆက် သွယ် တယ် ၊ လူကိုယ်တိုင်သွားတော့ လည်းမတွေ့ ဘူးဗျ ” ဟု ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကဆက်ပြောသည် ။

မိုင်းသောက်ကျေးရွာအုပ်စု ၊ ပါနွေးမြောက်ရွာ ၊ ပါနွေး အလယ်ရွာ ၊ ပါနွေး တောင်ရွာ ၊ မီးသွေးဖုတ်ရွာ နှင့် ပေပင်ကုန်းရွာ စသည့် ရွာ (၅ ) ရွာမှ ဒေသခံတောင်သူ (၂၁)ဦး၏ လယ်ယာမြေ ဧက ၄၃.၉ အား ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနမှ ၁၉၉၁ ခုနှစ်ကသိမ်းဆည်းခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ စိုက်ပျိုးရေးများပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ယင်းနောက်ပိုင်း တွင် မြတ်မင်္ဂလာဟိုတယ်နှင့် Villa Innlay ဟိုတယ် များထံငှားရမ်းထားပြီး ကျန်မြေများမှာ ပလပ်မြေများ အဖြစ်ရှိနေသည်ဟု ပါနွေးအလယ်ရွာနေ ဦးအောင်ကျော် ကရှင်းပြသည် ။

ယင်းသိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်၍ တောင်သူများမှ ဌာန အသီးသီးတွင်တင်ပြ ခဲ့သော်လည်း မည်သည့်ဌာနမှလာရောက် ဆွေးနွေး ညှိနှိုင်း အဖြေရှာပေးခြင်း မရှိသည့်အတွက် ဒေသခံ တောင်သူများ မှ ဧပြီလ ၃၀ ရက်နေ့ကလမ်းလျှောက် စီတန်းလှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ် သည်ဟု တောင်သူများထံဆက်လက် သိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...

လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...

လားရှိုးတိုင်းရင်းသားလယ်ယာမြေ ဘုံပျောက်လာနိုင်

0
သို့ သျှမ်းသံတော်ဆင့် သတင်းဌာနမှ တဆင့် အများပြည်သူ သိရှိစေရန် ဖော်ပြပေးစေလိုခြင်း။ သျှမ်းပြည် လားရှိုးမြို့က လယ်ယာမြေ ပွဲစား နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လယ်ယာမြေတွေကို အကွက်ရိုက်ပြီး တရုတ်တွေဆီ ရောင်းချနေပါတယ်။ လယ်ယာမြေတွေ တရားမဝင် ရောင်းဝယ်နေကြပြီး ပွဲစား နဲ့ ပေါင်းပြီး...

ဆီဆိုင်မြို့နယ် လယ်ယာမြေ သိမ်းခံရသော တောင်သူများ စစ်တပ်မှ အမှုဖွင့် ဒဏ်ငွေရိုက်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်တပ်မှ ဒေသခံ တောင်သူများထံ လယ်ယာမြေသိမ်းထားပြီး တောင်သူများကို အမှုဖွင့်ခြင်း၊ ဒဏ်ငွေ ပေးဆောင်ရခြင်းများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့က ဆီဆိုင်မြို့နယ်ရှိ တရားရုံးမှ တောင်သူ ၃၇ ဦးကို စစ်တပ် မှ ပုဒ်မ...

မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းများ ရေလျှံကာ လယ်ကွက်ပေါင်းများစွာ ရေလွှမ်းမှုကြောင့် လယ်ပိုင်ရှင်များ ဒုက္ခရောက်နေ ကြရကြောင်း သတင်း သိရသည်။ မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ မိုးများအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်း နေမှုကြောင့်...