မြေမြှုပ်မိုင်း
တစ်ရက်တည်း နောင်ချို ဒေသခံ ၅ ဦး မြေမြှုပ်မိုင်း နင်းမိ
သျှမ်းပြည် ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ် ဒေသခံ အမျိုးသား ၅ ဦး မြေမြှုပ်မိုင်း နင်းမိပြီး နှစ်ဦးက ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ၊ ကုန်းကြီး...
လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး...
နောင်ချိုမှာ ပြည်သူတစ်ဦး မိုင်းနင်းမိ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦးက မိုင်းနင်းမိကြောင်း စုံစမ်း သိရ သည်။ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ...
လားရှိုးမြို့နယ် အတွင်း လက်နက်ကြီး ပေါက်ကွဲ ရွာသား ၂ ဦး ပွဲချင်းသေ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့နယ် နားစောက်ကျေးရွာအုပ်စု ခုမ်စုံရွာ (ကုန်းဆုံရွာ) တွင် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေ ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၃ ) ရက် နံနက် ၉ နာရီ...
နေရပ်ပြန် စစ်ရှောင်များ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ
သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေး သွားရသည့် စစ်ရှောင်များသည် နေအိမ်ပြန်ရောက်သော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ စတင်ကာ စစ်ရှောင်များသည် နမ့်ပေါင်ကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက်မှ နေရပ်အသီးသီး သို့ ပြန်ရောက်ကြခြင်း...
ကျောက်မဲမြို့နယ် မိုင်းပေါက်ကွဲပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ငါးမျှားထွက်သည့် အမျိုးသား နှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄) ရက် ည ၇ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုယောင်းကျေးရွာမှ အမျိုးသား နှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ...
တန့်ယန်းမြို့အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၁ ဦး သေဆုံး
သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့ ရပ်ကွက် ၂ ထဲတွင် မြေမြှုပ်မိုင်း တူးမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် ၂...
ဗန်းမောက်တွင် ဦးဇင်းတစ်ပါး နှင့် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး
SHAN -
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ နားယကာကျေးရွာတွင် နေထိုင်သည့် ဦးဇင်းတစ်ပါး နှင့် ဒေသခံတစ်ဦး တောထဲသို့သွားရင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် ပေါက်ကွဲပြီး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဗန်းမောက်မြို့ နားယကာကျေးရွာ၏ မြောက်ဘက်ခြမ်းရှိ တောတစ်နေရာတွင် သွားလာရင်း မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အသက်...
ဖယ်ခုံမြို့နယ် တစ်လအတွင်း အရပ်သား ၆ ဦး လက်နက်ကြီးထိ၊ ၃ ဦး မြေမြှုပ်မိုင်းထိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ထို နိုဝင်ဘာလ အတွင်း မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကာ...
မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်
SHAN -
ရွာကို ရောက်ရောက်ချင်းမှာ လယ်ယာတွေဟာ မြက်ရိုင်းတွေနဲ့ လူနေအိမ်တွေကလည်း ပျက်စီးယိုယွင်းနေပြီး ရွာပျက်တခုလို ဖြစ်နေပါပြီ။ စစ်ရှောင်စခန်း အဲ့နေရာဟာ မန်တုံမြို့နယ် မန်နားကျေးရွာပါပဲ။ အဲ့ကျေးရွာက အိမ်ထောင်စု ၁၀ စု ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားလို့ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းသို့...





