လားရှိုးမြို့နယ် အတွင်း လက်နက်ကြီး ပေါက်ကွဲ ရွာသား ၂ ဦး ပွဲချင်းသေ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် နားစောက်ကျေးရွာအုပ်စု ခုမ်စုံရွာ (ကုန်းဆုံရွာ) တွင် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေ ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယနေ့ (မတ်လ ၂၃ ) ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ခုမ်စုံရွာနေ ဒေသခံများသည် ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသော ယာခင်းအစပ် တောင်ပို့အနီးတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး တစ်လုံး တွေ့ရှိသဖြင့် ယာတဲအနီး သို့ သယ်သွားစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အသက် (၄၀) ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထော်လာဂျီပေါ်မှာ ရွာသားစုစုပေါင်း (၁၀) ကျော် ရှိတယ်၊ အမျိုးသမီး ၅/၆ ယောက်လောက်ပါတယ်၊ တခြား သူတွေက ထော်လာဂျီပေါ်က ဆင်းပြီး တော်တော်လှမ်းဝေးတဲ့ နေရာအရောက်မှာ လူငယ် (အမျိုးသား) ၄ ယောက်က နောက်ဆုံးမှ ဆင်းတာ၊ သူတို့ ဆင်းမယ် လုပ်တဲ့အချိန်မှာ လက်နက်ကြီးလည်း ပေါက်ကွဲတာပဲ၊ နှစ်ဦးက ပွဲချင်းပြီး သေတယ်၊ နောက်နှစ်ယောက်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ အချိန်တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသည့် လူငယ်အမျိုးသား နှစ်ဦး အနက် တစ်ဦးက မျက်စိ တစ်ဖက် ဆုံးရှုံးရပြီး နောက်တစ်ဦးက ရင်ဘတ်တစ်ဝိုက် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးရသည့် အမျိုးသား နှစ်ဦး နှင့် ထိခိုက်ဒဏ်ရာ ရသူ နှစ်ဦးတို့သည် အသက် ၂၅ နှစ်မှ ၃၀ ကြားရှိ လူငယ်များ ဖြစ်နေကြောင်းလည်း သိရသည်။

ထို့အပြင် လက်ရှိ ခုမ်စုံရွာတွင်း နှင့် အနီးတစ်ဝိုက်၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်ရှိနေ သေးသည့် အကြောင်း ဒေသခံများကပြောသည်။

“အခုမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေက ရွာနားတစ်ဝိုက်မှာ အများကြီး ရှိနေသေးတယ်၊ ဒါတွေက တိုက်ပွဲမှာ မပေါက်ကွဲပဲ ကျန်နေတဲ့ လက်နက်ကြီးတွေပေါ့၊ တိုက်ပွဲ ငြိမ်နေတာတော့ တစ်ပတ်လောက် ရှိပြီ၊ စစ်ရှောင်တွေလည်း အိမ်တွေကို အကုန်ပြန် ရောက်ပြီ၊ ဒါပေမဲ့ မကွဲသေးတဲ့ လက်နက်ကြီးတွေက ရှိနေသေးတော့ စိတ်ပူနေရသေးတယ်” ဟု ၎င်းက ဆက်ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့က အဆိုပါ ခုမ်စုံရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကုန်းမုံကျေးရွာ၊ ခုမ်စုံ (ကုန်းဆုံ) ကျေးရွာ နှင့် ဖာပလန် ကျေးရွာ စသည့် ရွာ (၃) ရွာမှ ဒေသခံများ နမ့်ပေါင်ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ မတ်လ ၁၂ မှ ၁၇ အထိ စစ်ရှောင် ထွက်ပြေး ခိုလှုံခဲ့ရသည်။

စစ်ရှောင်များက နေရပ်ပြန်ရောက်သော်လည်း ဒေသအတွင်းရှိ စစ်ကျန်လက်နက်များ၊ မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ၏ အန္တရာယ်ကို စိုးရိမ်နေရသည့်အကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် အထိ အစီရင် ခံစာအရ မြေမြှုပ်မိုင်း နှင့် စစ်ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခုရှိနေကြောင်း သိရသည်။

ဒေသအလိုက်အနေဖြင့် သျှမ်းပြည်တွင် မြေမြှုပ်မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင်နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး သျှမ်းပြည်သည် အများဆုံးဖြစ်ကြောင်းသိရသည်။

မိုင်းအန္တရာယ်လျော့ချရေး အသိပညာပေး လုပ်ငန်းများကို နိုင်ငံတော် အဆင့် အာဏာပိုင်များ တရားဝင် ခွင့်ပြုချက် ဖြင့် ပြည်တွင်း စစ်ဖြစ်ပွားနေသည့် နေရာဒေသများ၌ ဆောင်ရွက်ပေးနိုင်ပါက မိုင်းအန္တရာယ်လျော့ချမှု အတွက် အကောင်းဆုံး ဖြစ်နိုင်မည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှား နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...