တစ်ရက်တည်း နောင်ချို ဒေသခံ ၅ ဦး မြေမြှုပ်မိုင်း နင်းမိ

သျှမ်းပြည် ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ် ဒေသခံ အမျိုးသား ၅ ဦး မြေမြှုပ်မိုင်း နင်းမိပြီး နှစ်ဦးက ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

မြေမြှုပ်မိုင်း

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ၊ ကုန်းကြီး ကျေးရွာ အုပ်စုရှိ နောင်ခဲရွာ (ဝၢၼ်ႈၼွင်ၶၢႆး) နေ ဒေသခံ အမျိုးသား ၅ ဦးတို့သည် ကြံစိုက်ခင်း သွားကြည့်စဥ် မြေမြှုပ်မိုင်းနင်းမိကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ မိုင်းထိတဲ့ နေရာက PDF ပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတွေ တိုက်ပွဲ ဖြစ်တဲ့ နေရာဖြစ်တယ်၊ ၅ ယောက် ထဲမှာ ၂ ယောက်က ဘောင်မှာ ဒဏ်ရာတော်တော်ပြင်းထန်တယ်၊ အခုတော့ နောင်ချိုက ဆေးရုံမှာ ဆေးကု ထားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အသက် ၄၀ ကျော် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိသူ ၅ ဦး အနက် အသက် ၄၃ နှစ်ရှိ စိုင်းစု နှင့် အသက် ၄၇ နှစ်ရှိ စိုင်းကျော်ထွန်း တို့ နှစ်ဦးသည် ခြေထောက်တွင် ပြင်းထန် ထိခိုက် ဒဏ်ရာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စိုင်းပစိန် အသက် ၂၆ နှစ်၊ စိုင်းဆန်ဝန်း အသက် ၂၅ နှစ် နှင့် စိုင်းဆန်ကျောင်း ၂၄ နှစ်တို့ကလည်း ထိခိုက် ဒဏ်ရာ အသီးသီး ရရှိသွားကြောင်း သိရသည်။

မြေမြှုပ်မိုင်း ထိခိုက်သူ

အဆိုပါ ပေါက်ကွဲမှု ဖြစ်သည့် မိုင်းများသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ လာရောက် ထောင်ထားသည့် မိုင်း ဖြစ်သည်ကို မသိရသေးကြောင်း နှင့် လက်ရှိအချိန်တွင် ဒေသခံများက မြေမြှုပ်မိုင်းများ၊ တိုက်ပွဲ အတွင်း ကျန်သည့် လက်နက်များ ပေါက်ကွဲမှု ထပ်ဖြစ်မှာကို စိုးရိမ်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

“အခုချိန်မှာ တိုက်ပွဲက ငြိမ်သွားပေမယ့် အဲ့လိုမျိုး မိုင်းတွေ၊ ပြီးတော့ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်တွေ မတော်တဆ ပေါက်ကွဲမှာကို ကြောက်ရတယ်၊ အခုဆို စစ်ရှောင်ကနေ ပြန်ရောက်ကြပေမဲ့ တောင်ယာတွေ ကိုလည်း သွားဖို့ ကြောက်ရတယ်၊ မလုံခြုံသေးဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီ (၃) ရက်နေ့ကလည်း နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာ မှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာ ရရှိခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း ဧပြီလ ၅ ရက်နေ့ မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၃ ဦး ထက်မနည်း တိုက်ပွဲအတွင်း ထိခိုက်သေဆုံးရသည်။

ထို့အပြင် ဒေသခံ ၁၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး ပြည်သူ့ နေအိမ် ၂၄ လုံး၊ ကြံစိုက်ခင်း ဧကပေါင်း ၄၆၀ ဧက နှင့် ယခု မိုင်းပေါက်ကွဲ အပါအဝင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရကြောင်း သိရသည်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် အထိ အစီရင် ခံစာအရ မြေမြှုပ်မိုင်း နှင့် စစ်ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခု ရှိနေကြောင်း သိရသည်။

ဒေသအလိုက်အနေဖြင့် သျှမ်းပြည်တွင် မြေမြှုပ်မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင်နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး သျှမ်းပြည်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။

မိုင်းအန္တရာယ်လျော့ချရေး အသိပညာပေး လုပ်ငန်းများကို နိုင်ငံတော် အဆင့် အာဏာပိုင်များ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်တွင်း စစ်ဖြစ်ပွားနေသည့် နေရာဒေသများ၌ ဆောင်ရွက်ပေးနိုင်ပါက မိုင်းအန္တရာယ်လျော့ချမှု အတွက် အကောင်းဆုံး ဖြစ်နိုင်မည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...