လားရှိုး တောင်ယာ နေ့စားလိုက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု ဟောင်လိတ်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာနေ့စားလိုက်ရင်း တောင်ယာထဲ၌ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းထိမိသူ

ယမန်နေ့ မေလ ၁ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်၌ နမ့်တွန်းကျေးရွာအုပ်စု ဟောင်လိတ်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် နေ့စားအလုပ်သွားချိန် တောင်ယာထဲ၌ လက်ကျန် မိုင်းတစ်ဦးကို နင်းမိရာ ပေါက်ကွဲပြီး ညာဖက်မျက်လုံးတစ်ဖက် မိုင်းကျည်စထိမှန် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်တွန်းကျေးရွာဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့က လက်လုပ်လက်စားဆိုတော့ သူများဆီက လုပ်အားလိုက်တာ။ လုပ်အားလိုက်ရင်း တောင်ယာထဲမှာ အရင်က အကြွင်းကျန်တဲ့ မိုင်းတစ်လုံး နင်းမိပြီး ပေါက်ကွဲသွားတာ။ ညာဖက်မျက်လုံး၊ မျက်နှာမှာ ပေါက်ကွဲသွားတဲ့ မိုင်းစ နည်းနည်းမှန်သွားတာပေါ့။ ဒဏ်ရာကတော့ နည်းနည်းပြင်းတဲ့ အခြေအနေပါဗျ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ နေ့စား အလုပ်သမား အမျိုးသမီးတစ်ဦးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတစ်ဦး အခြေအနေဟာ ပြန်ကောင်းမွန်လာပြီး အစားအသောက်လည်း ပြန်လည်စားနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစပြီး လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု ဟောင်လိတ်ရွာ အနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး အဆိုပါ နယ်မြေအတွင်း မြေမြှုပ်မိုင်းများကို မြှုပ်ထားခဲ့ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် နယ်မြေအတွင်းတွင် လက်ကျန် မြေမြှုပ်မိုင်းများ မရှင်းလင်းနိုင်သေးသဖြင့် ပေါက်ကွဲမှုက ထပ်မံဖြစ်ပွားနေကာ နေ့စားလိုက်သည့် တောင်ယာအလုပ်သမားအတွက် စိုးရိမ်ထိတ်လန့်မှု ဖြစ်ရသလို တောင်ယာအတွင်းသို့ မသွားရဲကြတော့ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

“ စိုးရိမ်မှုတော့ ဖြစ်သွားတာပေါ့ဗျာ။ ဒီဒေသမှာက အဲ့လိုလည်း သိပ်မဖြစ်ဖူးတော့ လန့်သွားတဲ့ အခြေအနေ၊ စိုးရိမ်မှုတွေတော့ များသွားတာပေါ့။ တောင်ယာ သွားဖို့တောင် မသွားရဲကြတော့ဘူး။ အဲ့မှာ တောင်ယာတွေ ရှိတော့ အဲ့ဖက်တောင်သူတွေ ခြေလှမ်းဖို့ စိုးရိမ်နေရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ လှုပ်ရှားရာ နယ်မြေတစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...