Friday, May 3, 2024

ဗန်းမောက်တွင် ဦးဇင်းတစ်ပါး နှင့် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

Must read

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ နားယကာကျေးရွာတွင် နေထိုင်သည့် ဦးဇင်းတစ်ပါး နှင့် ဒေသခံတစ်ဦး တောထဲသို့သွားရင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် ပေါက်ကွဲပြီး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့

အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဗန်းမောက်မြို့ နားယကာကျေးရွာ၏ မြောက်ဘက်ခြမ်းရှိ တောတစ်နေရာတွင် သွားလာရင်း မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အသက် (၂၀) ကျော် သျှမ်းနီလူငယ်တစ်ဦးက ပြောသည်။

“ ဦးဇင်း နဲ့ ဒကာက တောထဲသွားလာရင်း မိုင်းနင်းမိတာ။ ဒကာကတော့ အဲ့မှာဘဲ ပွဲချင်းပြီးသွားတယ် လို့ပြောတယ်။ ဦးဇင်းကတော့ ပြည်သူ့ဆေးရုံမှာ ဆေးကုသရင်း နဲ့ ပျံလွန်တော်မူသွားတယ်“ ဟု ၎င်း လူငယ်တစ်ဦးက ပြောသည်။

ပျံလွန်တော်မူသွားသော ဦးဇင်းမှာ သက်တော် ၃၅ နှင့် ဝါတော် ၂၀ ရှိပြီး ဓမ္မာစရိယ အောင်မြင်ထားသည့် ကိုယ်တော်တစ်ပါး ဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်အမျိုးသား လွှတ်လပ်ရေး တပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ကျန်ရစ်ထားသော မြေမြှုပ်မိုင်းများမှာ လက်ရှိအချိန်ထိ မရှင်းလင်းရသေးကြောင်း သိရသည်။

“ ကျနော်တို့ဘက်မှာ တိုက်ပွဲငြိမ်ပေမယ့် စစ်သား သွားလာလှုပ်ရှားနေတာတော့ရှိတယ်။ မိုင်းတွေလည်း မရှင်းလင်း ရသေးဘူး။ တောထဲသွားမယ်ဆိုရင်တော့ သတိထားရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့နယ် မံယူးကြီး ကျေးရွာရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article