တောင်ကြီး
တောင်ကြီး မီးဖိုချောင်သုံး Gas စတင်ပြတ်လပ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးဖိုချောင်သုံး (ဂက်စ်) များ ဖြည့်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ ယခုကာလတွင် မီးဖိုချောင်သုံး (ဂက်စ်) ဘူးသေးများမှာ ဆိုင်များ၌ စတင်ပြတ်လပ်နေပြီး (ဂက်စ်) အိုးကြီးများမှာလည်း ဝယ်ယူရန်ခက်ခဲလာကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဂက်စ်...
လွတ်မြောက်နယ်မြေ မှ ကျောင်းသားများ ပညာသင်ကြားပေးရန် ဆရာ၊ဆရာမ ခေါ်ယူ
လွတ်မြောက်နယ်မြေရောက် စစ်ရှောင်ကလေးများကို ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ များ လိုအပ်နေကြာင်း တောင်ကြီးပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ မှ စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြည်သူများက အဖက်ဖက် တော်လှန်ခဲ့ကြပြီး တဖက်မှာလည်း ပြည်သူ့တပ်မတော် (PDF) တပ်ဖွဲ့များ ဖွဲ့စည်းလာသည်။ ထို တစ်နှစ်ကျော် အတွင်း...
တောင်ကြီးမြို့ စစ်ဆေးမှု ယခင်ထက် ပိုမိုတင်းကြပ်လာ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇူလိုင် (၇) ရက်တွင် တောင်ကြီးမြို့ အဝင် နှင့် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းလိုင်စင် စစ်ဆေးပြီး ငွေတောင်းခံနေလျက်ရှိကြောင်း သိရသည်။ “အခုရက်ပိုင်းကတော့ စစ်ဆေးမှုပိုကြမ်းလာတယ်။ ပိုများလာတယ်။ ဒီနေ့ပဲ...
မြန်မာ – ထိုင်း နှစ်နိုင်ငံ က သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေး
မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး အဖီချိတ်ဆုဆတ် အဖွဲ့နဲ့ မြန်မာဘက်က...
ပိတ်ထားသည့် ဖယ်ခုံမြို့နှင့် ဆက်သည့် လမ်းတချို့ပြန်ဖွင့် စစ်ကောင်စီ မှ စစ်ဆေးမှုတင်းကြပ်နေ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ထိစပ်နေသည့် လမ်းကြောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ပိတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း စစ်ဆေးမှုတင်းကြပ် နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၈ရက်မှ စတင် ပိတ်ထားသည့် ပင်လောင်း - တောင်ကြီး - ကျောက်တလုံး - ဆိုက်ခေါက် နှင့်...
ကုန်ပစ္စည်း အဆမတန်ဈေးတက်သဖြင့် ကျပန်းအလုပ်သမားများ ထမင်းနပ်မှန် မစားရ
မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကုန်ပစ္စည်းအဆမတန် မြင့်တက်လာသောကြောင့် ကျပန်းအလုပ်ကိုသာရှာလုပ်ရသည့် လူငယ်သည် ယခင်ကထက် ထမင်းကို လုံလုံလောက်လောက်မစားနိုင် တစ်နေ့ကိုထမင်းတစ်နပ်လျော့စားကာ ချွေတာပြီး စားနေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ကျပန်းအလုပ်ကို လုပ်ကိုင်နေသည့် လူငယ်များသည် ကုန်ပစ္စည်း အဆမတန်မြင့်တက်လာသဖြင့် ယခင် ထမင်းကိုတစ်ရက်လျှင် သုံးနပ်စားရပြီး ယခုအချိန် ကာလ၌...
တောင်ကြီးမြို့ နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်မှ တပ်သားသစ်စာရင်း နှင့် ငွေကောက်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်ဖွဲ့က တပ်သားသစ် နှင့် ငွေကြေး လိုက်တောင်းခံ နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့က တောင်ကြီးမြို့နယ် (၄) မိုင် နှင့် (၆) မိုင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများကို PNO တပ်ဖွဲ့က...
တောင်ကြီးမှာ ဆိုင်ပိတ်ထားသည့် ကုန်စုံဆိုင် ပိုင်ရှင် ၂ ဦး စစ်ကောင်စီ ဖမ်းဆီး
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ဌားရမ်းဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်ခန်းပိုင်ရှင် ၂ ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့ ဟော်ကုန်းရပ်ကွက်တွင် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်က စစ်ကောင်စီတပ်သားနှင့် အရပ်ဝတ်လူတစ်စုတို့က ကားဖြင့် ရောက်လာပြီး ဆိုင်ပိတ်ထားသည့်...
တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ်သား ဝင်ရောက်စီးနင်း၊ လူငယ်များ ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီးရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀နီးပါး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၉) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ညောင်ဖြူ စခန်းရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုကို အင်အား ၃၀...
တောင်ကြီးမြို့ Ocean ကုန်တိုက်အနီး ဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
SHAN -
သျှမ်းပြည် မြို့တောင် တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂ ရက်) မွန်းလွဲပိုင်း ၂ နာရီခွဲကျော်တွင် တောင်ကြီး Ocean ကုန်တိုက် အနီးရှိ Asia...





