Wednesday, January 28, 2026

မြန်မာ – ထိုင်း နှစ်နိုင်ငံ က သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေး

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး အဖီချိတ်ဆုဆတ် အဖွဲ့နဲ့ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် စစ်ကောင်စီ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး တို့အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး ဆွေးနွေးပွဲ

အဲ့ဒီ ဆွေးနွေးပွဲမှာ ဇွန် (၂၇ – ၂၉ ) ၃ ရက်သာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ နယ်စပ်ဒေသလုံခြုံရေး နဲ့ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခြင်း၊ ထိုင်းဘက် တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေ ဆွေးနွေးခြင်း၊ တရားမဝင် လက်နက်ခဲယမ်းတွေ သယ်ယူမှု ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါး ကိစ္စရပ်တွေ စတာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံ သတင်းစဥ်မှ သိရပါတယ်။

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး ဆွေးနွေးပွဲ

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) တံတား ဖွင့်လှစ်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း ရှိမရှိကိုတော့ မသိရှိရပေ။

တာချီလိတ် – မယ်ဆိုင် တံတားဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံဘက်က ထိုင်းအာဏာပိုင်တွေကို ဘတ်သန်း (၅၀) တောင်းခဲ့တယ်လို့ သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...