ကုန်ပစ္စည်း အဆမတန်ဈေးတက်သဖြင့် ကျပန်းအလုပ်သမားများ ထမင်းနပ်မှန် မစားရ

မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကုန်ပစ္စည်းအဆမတန် မြင့်တက်လာသောကြောင့် ကျပန်းအလုပ်ကိုသာရှာလုပ်ရသည့် လူငယ်သည် ယခင်ကထက် ထမင်းကို လုံလုံလောက်လောက်မစားနိုင် တစ်နေ့ကိုထမင်းတစ်နပ်လျော့စားကာ ချွေတာပြီး စားနေရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ကျပန်းအလုပ်ကို လုပ်ကိုင်နေသည့် လူငယ်များသည် ကုန်ပစ္စည်း အဆမတန်မြင့်တက်လာသဖြင့် ယခင် ထမင်းကိုတစ်ရက်လျှင် သုံးနပ်စားရပြီး ယခုအချိန် ကာလ၌ စီးပွားရေးကြပ်တည်းမှုကြောင့် တစ်ရက်လျှင် နှစ်နပ်သာ စားနေရကြောင်း တောင်ကြီးလူငယ် အမျိုးသား တစ်ဦးကပြောသည် ။

“တချို့ပန်းရံလုပ်တဲ့သူ နေ့စား တစ်နေ့ကို ၈ ထောင်ကျပ်ရတယ်။ အခုကုန်ပစ္စည်းတွေ အရမ်းဈေးတက်လာတော့ အဆင်မပြေတော့ဘူး ။လူတိုင်းတော့ ရှိတဲ့အလုပ်တွေ အကုန်လုပ်နေရတယ် ဈေးအရမ်းတက်တော့ တချို့ဆို အရင်ကတစ်နေ့ကို သုံးနပ်စားကြတယ်။ အခုဆို တစ်နေ့ကို နှစ်နပ်ဘဲစားတော့တယ်“ ဟု ပြောသည်။

တောင်ကြီးမြို့

ထို့အပြင် ယခင်က ဆန်တစ်ပြည်လျှင် (၁၆၀၀) ကျပ် ရှိခဲ့ပြီး၊ လက်ရှိမှာ ဆန်တစ်ပြည်လျှင် (၂၈၀၀) ကျပ် ဈေးတက်လာကြောင်း၊ ယခင်က စားသုံးဆီ တစ်ပိဿလျှင် (၂၈၀၀) ကျပ်နှင့် ဝယ်ယူရရှိပြီး လက်ရှိမှာ စားသုံးဆီကို တစ်ပိဿလျှင် (၄၈၀၀) ကျပ်ထိ ဈေးတက်လာသည်ဟု သိရသည်။

“အရမ်းမလိုအပ်တဲ့ ပစ္စည်းတွေ မဝယ်ပဲ အရေးကြီးတဲ့ ဆန်၊ဆီ ဆေးကိုပဲ အဓိက ထားပြီးသုံးတယ်။ကုန်ဈေးနှုန်း တက်လာလို့ အလုပ်နားရတာတွေရှိတယ် ၊ အလုပ်လက်မဲ့ များလာတော့လည်း လုယက်မှုတွေရှိလာတယ် ၊ဆိုင်ကယ် အများဆုံးပျောက်တယ် ကားပါ ပျောက်တဲ့သူလည်းရှိတယ်“ ဟု တောင်ကြီးဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။

ထိုကြောင့် ကုန်ပစ္စည်းမြင့်တက်လာသည်နှင့်အမျှ တောင်ကြီးမြို့ပေါ်တွင် လုယက်မှုများ ၊သူခိုး ဓားပြများ နေ့စဉ်နေ့တိုင်း ဖြစ်လာနေပြီဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည် ။

“ကျမ အိမ်အဝင်မီးကြိုးခိုးခံရတယ်။ ခုထိမတပ်ရသေးဘူး။ ခြံဝင်းထဲက မိုးကာတဲပါပျောက်တယ် ။လုယက်မှု ကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ် ဆိုင်ကယ်တွေလည်း ခဏခဏပျောက် တောင်ကြီး တက္ကသိုလ် မှာလည်း ဆိုင်ကယ်ခဏခဏ ပျောက်တယ်။ တက္ကသိုလ်မှာအများဆုံးဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သျှမ်းပြည်တဝှမ်းတွင် ခိုးမှု၊ လုယက်မှုများ နေ့စဉ်အမျှ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ မှ ဖမ်းဆီးအရေးယူ ပေးပြီး ပြည်သူများ၏ လုံခြုံရေးကိုလည်း ပိုပြီး အားဖြည့်လုပ်ဆောင်ပေးစေချင်ကြောင်း သျှမ်းပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...