Wednesday, January 28, 2026

ဆီဆိုင်မြို့

ဆီဆိုင်တွင် မူးယစ်ဆေးကြောင်သည့်သား က မိခင်ဖြစ်သူကို ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် သားက မိခင်ဖြစ်သူကို ရိုက်နှက်သည့် အမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ မြကန်သာရပ်ကွက် ၅ တွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က မူးယစ်ဆေးဝါးသုံးစွဲ နေသော သားဖြစ်သူတစ်ဦးက မူးယစ်ဆေးကြောင်ပြီး မိခင်ဖြစ်သူကို ပြင်းထန်စွာရိုက်နှက်သော မှုခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက...

ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19...

PNO တပ်ဖွဲ့မှ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီးရိုက်သတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကက္ကူကျေးရွာအုပ်စု ဆောင်ဖိုးကျေးရွာနေ အမျိုးသားတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်လိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ တတိယ အပတ်ထဲတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဆောင်ဖိုးကျေးရွာနေ အသက် (၅၀) ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးကို...

ဆီဆိုင်မြို့နယ် ပြည်သူပိုင်လယ်မြေကို PNO/PNA အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် လယ်မြေသိမ်းဆည်း ထားခံရသော နယ်မြေပိုင်ရှင်များ ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ပြည်သူပိုင်လယ်မြေကို ယခုနှစ် ဇူလိုင်လ ပထမပတ်တွင် သိမ်းဆည်းကာ ပဲ၊ ပြောင်း စိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး ပိုင်ရှင်ဖြစ်သူကိုလည်း ထပ်မံခြိမ်းခြောက်မှု...

ဆီဆိုင်မြို့နယ် လူငယ် (၂) ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ လူငယ် (၂) ဦးကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူ (၂) ဦးဖြစ်သည့် နောင်မွန်ကျေးရွာအုပ်စုမှ အသက် (၂၄) နှစ်ရှိ စိုင်းသက်ရဲဝင့်ဇင် (ခ) ရှိုင်းသက်ရဲဝင့်ဇင် နှင့် ၎င်းညီမဝမ်းကွဲဖြစ်သည့်...

ဆီဆိုင်မြို့နယ် စစ်ကောင်စီတပ်စခန်း (၂) ခု တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ ယနေ့ (စက်တင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ တပ်စခန်း (၂) ခု တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက် ၆ နာရီလောက်မှ သေနတ်သံစကြားရတာ။ ပြောသံကြားတာတော့ PDF တပ်ဖွဲ့က...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ ယခုရက်ပိုင်း ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်ရှိရာ ထိုထဲမှ ဦးရေ (၃,၀၀၀) ကျော်သည် အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်သည်။ ယခုကာလ အတွင်း အလှူရှင်များ နည်းပါးလာသဖြင့် စစ်ရှောင်များ အတွက်...

ဆီဆိုင်မြို့နယ် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် သြဂုတ်လကုန်ပိုင်းမှ စပြီး ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ်လကုန်ပိုင်းမှ စတင်ပြီး PNO တပ်ဖွဲ့မှ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဒေသခံ လူငယ် (၃)...

ဟိုပုံးမြို့ စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ခရီးသည်များထံ လမ်းခွန်ပိုကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ ပူးပေါင်းကြပြီး မြို့ထဲသို့ ဝင်လာသည့် ခရီးသည်များအားလုံးကို လမ်းခွန်အဖြစ် ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့ - ဆီဆိုင်မြို့သို့ သွားလမ်း ဟိုပုံးမြို့ အလင်းပွင့် စက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက...

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။ ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့...

Latest news