Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် သြဂုတ်လကုန်ပိုင်းမှ စပြီး ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ်လကုန်ပိုင်းမှ စတင်ပြီး PNO တပ်ဖွဲ့မှ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဒေသခံ လူငယ် (၃) ဦးကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ပိုက်ဆံများ တောင်းယူနေကြောင်း ဆိုက်ခေါင်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်ကွက်ထဲမှာ (၃) ကြိမ်လောက်ရှိလာပြီ။ ပြီးတော့ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး ဖမ်းသွားတာ။ စနေနေ့က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ် (၃) ယောက်ကို လာဖမ်းသွားတယ်။ တယောက်ကို ကျပ် (၅) သိန်းပေးရတယ်။ တယောက်ကတော့ အဲ့ထက်များတယ်” ဟု ၎င်းအမျိုးသမီး တစ်ဦးကပြောသည်။

ဆိုက်ခေါင် စံပြကျေးရွာ

ဆိုက်ခေါင်စံပြကျေးရွာရှိ ရန်ကင်းရပ်ကွက်နေ ဒေသခံ လူငယ်များကို မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုက်ဆံများ တောင်းယူလျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ (၁) ရက်နေ့တွင် အောင်သုခ ရပ်ကွက်မှ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါး အကြောင်းပြပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုက်ခေါင်ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အမျိုးသားက အသက် (၃၀) လောက်ရှိတယ်။ မူးယစ်ဆေးဝါး သုံးဆွဲတယ်ဆိုပြီး လိုက်ဖမ်းနေတာ။ ဖမ်းသွားတဲ့ တစ်ယောက်ကို ကျပ်သိန်း (၅၀) နဲ့ လာရွေးခိုင်းတယ်။ အခုထိ ပြန်လွှတ်လာသေးလားဆိုတာ သေချာမသိရဘူး“ ဟု ဆိုက်ခေါင် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် သြဂုတ် (၂၅) ရက်တွင် ရန်ကင်း ရပ်ကွက်မှ အသက် (၂၅) နှစ် အမျိုးသမီးတစ်ဦး နှင့် အသက် (၃၀) ကျော်ရှိ အမျိုးသမီး (၂) ဦးကိုလည်း မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံများ တောင်းယူခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းလာပြီးနောက်ပိုင်း PNA တပ်ဖွဲ့သည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး တပ်သားသစ်စုဆောင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...