ဆီဆိုင်မြို့နယ် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် သြဂုတ်လကုန်ပိုင်းမှ စပြီး ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ်လကုန်ပိုင်းမှ စတင်ပြီး PNO တပ်ဖွဲ့မှ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဒေသခံ လူငယ် (၃) ဦးကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ပိုက်ဆံများ တောင်းယူနေကြောင်း ဆိုက်ခေါင်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်ကွက်ထဲမှာ (၃) ကြိမ်လောက်ရှိလာပြီ။ ပြီးတော့ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး ဖမ်းသွားတာ။ စနေနေ့က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ် (၃) ယောက်ကို လာဖမ်းသွားတယ်။ တယောက်ကို ကျပ် (၅) သိန်းပေးရတယ်။ တယောက်ကတော့ အဲ့ထက်များတယ်” ဟု ၎င်းအမျိုးသမီး တစ်ဦးကပြောသည်။

ဆိုက်ခေါင် စံပြကျေးရွာ

ဆိုက်ခေါင်စံပြကျေးရွာရှိ ရန်ကင်းရပ်ကွက်နေ ဒေသခံ လူငယ်များကို မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုက်ဆံများ တောင်းယူလျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ (၁) ရက်နေ့တွင် အောင်သုခ ရပ်ကွက်မှ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါး အကြောင်းပြပြီး ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုက်ခေါင်ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အမျိုးသားက အသက် (၃၀) လောက်ရှိတယ်။ မူးယစ်ဆေးဝါး သုံးဆွဲတယ်ဆိုပြီး လိုက်ဖမ်းနေတာ။ ဖမ်းသွားတဲ့ တစ်ယောက်ကို ကျပ်သိန်း (၅၀) နဲ့ လာရွေးခိုင်းတယ်။ အခုထိ ပြန်လွှတ်လာသေးလားဆိုတာ သေချာမသိရဘူး“ ဟု ဆိုက်ခေါင် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် သြဂုတ် (၂၅) ရက်တွင် ရန်ကင်း ရပ်ကွက်မှ အသက် (၂၅) နှစ် အမျိုးသမီးတစ်ဦး နှင့် အသက် (၃၀) ကျော်ရှိ အမျိုးသမီး (၂) ဦးကိုလည်း မူးယစ်ဆေးဝါး အကြောင်းပြပြီး ပိုက်ဆံများ တောင်းယူခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းလာပြီးနောက်ပိုင်း PNA တပ်ဖွဲ့သည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး တပ်သားသစ်စုဆောင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...