ဆီဆိုင်မြို့နယ် လူငယ် (၂) ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ လူငယ် (၂) ဦးကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူ (၂) ဦးဖြစ်သည့် နောင်မွန်ကျေးရွာအုပ်စုမှ အသက် (၂၄) နှစ်ရှိ စိုင်းသက်ရဲဝင့်ဇင် (ခ) ရှိုင်းသက်ရဲဝင့်ဇင် နှင့် ၎င်းညီမဝမ်းကွဲဖြစ်သည့် အသက် (၂၁) နှစ်ရှိ နန်းချောအိအိရှိန်တို့ကို စစ်ကောင်စီမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၁၂ ဖြင့် စွပ်စွဲထားကြောင်း သြဂုတ် ၂၅ ရက်က ထုတ်ထားပြန်ချက်အရ ယနေ့ (စက်တင်ဘာ ၁၄) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်တရားရုံး

“ထုတ်ပြန်ချက်က သြဂုတ်လကတည်းက ထုတ်ထားတာ တွေ့ရတယ်။ အခုထုတ်ပြန်ချက်က သပ်သပ်လို့ပဲ မြင်တယ်။ ဒီနေ့ မနက်မှာ ဆီဆိုင်မြို့နယ်ရဲ့ ရုံးရှေ့မှာ ထုတ်ပြန်ချက် စာရွက်တွေ ကပ်တာတွေ့ရတယ်။ ကျနော်တို့မှာလည်း ဘာအပြစ်မှမရှိဘဲ အကြောင်းမဲ့ စွပ်စွဲခံထားရတယ် “ ဟု ဖမ်းဝရမ်း ထုတ်ခံရသည့် စိုင်းသက်ရဲဝင့်ဇင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဝရမ်းထုတ်ခံရသည့် လူငယ် (၂) ဦး၏ နေအိမ်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင် နှင့် စစ်ကောင်စီ အုပ်စုက လာရောက် စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွပ်စွဲထားပြီးနောက် ၎င်းတို့နေအိမ်တွင်လည်း လာရောက် စစ်ဆေးမှု ပြုလုပ်သောကြောင်း မိသားစုဝင်များအတွက် စိုးရိမ်နေကြောင်း စိုင်းသက်ရဲဝင့်ဇင် က ပြောသည်။

“ကျနော်ကတော့ စိုးရိမ်နေတယ်။ အိမ်ကလူလည်း ဘာမှမလုပ်ထားတော့လေ။ သူတို့က လုပ်ချင်သလို လုပ်နေတော့ အိမ်ကလူလည်း စိုးရိမ်နေတယ်။ ပြီးတော့မပတ်သက်တဲ့ သူကိုသူတို့က စွပ်စွဲထားနေတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုပြီးနောက် မနက်ဖြန် စက်တင်ဘာလ (၁၅) ရက်တွင် ဆီဆိုင်မြို့တရားရုံးတော်၌ လာရောက်ဖြေရှင်းခိုင်းကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...