စစ်ရှောင်

ပင်လောင်းမြို့နယ်ရောက် စစ်ရှောင်များ ကိုဗစ် စစ်ဆေးမှုမရှိထားလျှင် ရွာဝင်မခံ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်လာသည့် ပြည်သူများ ကိုဗစ် - ၁၉ စစ်ဆေးမှု မရှိထားလျှင် ရွာအတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသူ (၅၀၀၀) ကျော် ရှိခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် မြို့နယ်တချို့မှ ပြည်သူများ နေရပ်သို့ပြန်သွားခဲ့သည်။ ထိုပြန်သွားသည့် ပြည်သူများသည်...

အင်းလေးဒေသရောက် စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ နှင့် အနီးတစ်ဝိုက်ရောက်နေသည့် ကရင်နီပြည်မှ စစ်ရှောင်များ ဖျားနာနေပြီး ဆေးဝါးအကူအညီ လိုအပ်နေကြကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။ အင်းလေးဒေသအတွင်း ရောက်ရှိနေသော စစ်ရှောင် ၂၀၀ နီးပါးထဲမှ အသက် ၁၅ နှစ်အောက် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာနေကြပြီး ဆေးဝါးဆိုင်ရာကုသမှုများ...

သျှမ်းပြည်တောင်ပိုင်းမှာ စစ်ဘောင်ကျယ်လာတော့မှာလား

ပြာလဲ့လဲ့ ကောင်းကင်တွင် ရဟတ်ယာဉ်များ ဆူညံစွာ ပျံဝဲနေသည်။ ရုရှားနိုင်ငံထုတ် MI-35 အမျိုးအစား စစ်ရဟတ်ယာဉ်သည် အညှိုးတကြီးဖြင့် မြေပြင်ကို ပစ်ခတ်နေသည်။ မြေပြင်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီးသံများနှင့် သေနတ်သံများ အဆက်အပြတ် ဆူညံနေသည့်ကြားက ပျက်စီးနေသည့် နေအိမ်များ မီးခိုး တလူလူဖြင့် မီးလောင်ကျွမ်းနေသည့် လူနေ အဆောက်အအုံများကိုလည်း...

ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ

ယခုရက်ပိုင်းအတွင်းတွင် ကရင်နီပြည်နှင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ရှောင် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းသိရသည်။ တိုက်ပွဲတိမ်းရှောင်လာသူများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ များ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀...

လဲချားမြို့နယ် စစ်ရှောင် စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအုပ်စုတွင် ဒေသခံ တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်လာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS တို့ စစ်ရေးတင်းမာသဖြင့် ဖေဖော်ဝါရီ (၁၉)ရက်တွင် လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း သိရှိရသည်။ “ပြန်လာတဲ့သူတွေတော့ရှိတယ်။...

ဖမ်းဆီးခံရ ကက်သလစ်ဘုန်းတော်ကြီး ၂ ပါး နှင့် ပြည်သူများ အဆက်အသွယ် မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ရှောင်များကို သွားရောက်ကူညီသည့် တောင်ကြီးမြို့မှ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ပြည်သူ (၅)ဦးကို စစ်ကောင်စီတို့ ဖမ်းဆီးသွားပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်ထိ အဆက်အသွယ် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးနှင့် ပြည်သူ (၅)ဦးတို့သည် ဖေဖော်ဝါရီ ၂၁...

မွေးဖွားရက်စေ့ (၄)ဆင့် စစ်ရှောင်ကိုယ်ဝန်သည်များ အကူအညီလိုအပ်

“နေ့စဥ် ထမင်းဟင်းတော့ စားရပါတယ်၊ ဒါပေမဲ့ မွေးလာမဲ့ ကလေးအတွက် ဆေးဝါးတွေ အသုံးအဆောင်တွေက ကျမ မရှိသေးဘူး၊ ကျမလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး၊ အလှူရှင်တွေကိုပဲ အားကိုးရမှာပါ၊ တစ်ခါတလေ အားငယ်လာလို့ ငိုချလိုက်တာပဲ တတ်နိုင်တယ်” လို့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်သည်...

ပင်လုံမြို့သို့ စစ်ဘေးရှောင်လာသူ ၅၀၀ ဝန်းကျင်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်းကြောင့် စစ်ဘေးကြိုတင် ရှောင်လာသည့်သူ (၅၀၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ လဲချားမြို့နယ် ဝမ်းယိမ်းကျေးရွာအုပ်စု နှင့် ပင်လုံမြို့ နားတစ်ကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများက ပင်လုံမြို့တွင်းသို့ စစ်ဘေးရှောင်လာခဲ့ကြောင်း...

တိုက်ပွဲကြား မိုးဗြဲ ဒေသခံ တစ်သောင်း နီးပါး ပိတ်မိနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖြစ်ပွားသည့် တိုက်ပွဲကြား မိုးဗြဲမြို့ ဒေသခံ တစ်သောင်း နီးပါး မြို့တွင်းတွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး...

မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ ကလေး အပါအဝင် (၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိပြီး အသက် (၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၇)ရက် နေ့လည်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာ...

Latest news