စစ်ရှောင်

ထောက်ပံ့မှုမရှိလို့ အသက်စွန့်ပြီး ရိက္ခာပြန်ယူနေရတဲ့ သျှမ်းတောင် စစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်တွေမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားလာတာ ယခုဆိုရင် ၂ လကျော်ကြာ လာပြီးဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် ကိုယ့်နေရပ်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းများကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေတွေကလည်း သိန်းဂဏာန်းအထိ တဖြည်းဖြည်းနဲ့ မြင့်တက်လာနေပါတယ်။ သျှမ်းတောင်က စစ်ဘေးရှောင်တွေရဲ့အခြေအနေ ပတ်သက်ပြီး...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF ၊မဟာမိတ်ပူးပေါင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း  စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၀ ရက်ကတည်း ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လက်ရှိ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်လာနေကြောင်း ပင်လောင်းမြို့ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့ တောင်ဘက်ရှိ ဆောင်းပြောင်းကျေးရွာသည် ပင်လောင်-ဖယ်ခုံ လမ်းမပေါ်တွင်တည်ရှိပြီး ပင်လောင်းမြို့နှင့်...

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအား PNLA မှမီးရှို့ခဲ့ကြောင်း ထုတ်ပြန်စာအတု

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရန်သူများဆက်ပြီး ထိုးစစ်မဆင်နိုင်ရန် ကျေးရွာအားမီးရှို့ခဲ့သည်ဟု ထုတ်ပြန်စာစောင် အတု ပျံ့နှံ့နေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်နယ်ချယ်တယ်ရီဂရမ်ဖြစ်သည့် (Ko Thet) ဆိုသည့်အကောင့်မှ “PNLA/PNLOအဖွဲ့က ပအိုဝ်းကျေးရွာများကို ၎င်းတို့ကိုယ်တိုင် မီးရှို့တာဖြစ်ကြောင်းနှင့် ဒီမိုကရေစီရမှ အလျှော်ပြန်ပေးမည်ဟု...

ဆီဆိုင်မြို့အနောက်ဖက်တိုက်ပွဲ စစ်ကောင်စီ အရာရှိ နှစ်ဦးအပါအဝင် ၁၁ဦး ဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် အနောက်ဖက်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲပြင်ထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိနှစ်ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် အနောက်ဖက် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးမှာ ပြီးခဲ့သည် မတ်လ ၁၃ ရက်တွင် စစ်ကောင်စီမှ MI 35...

ဝိုင်းမော် တိုက်ပွဲအတွင်း ပိတ်မိသူ ၂ ထောင်ကျော် ကယ်ထုတ်နိုင်၊ ရိက္ခာနှင့် နေရာထိုင်ခင်းခက်ခဲနေ

ကချင်ပြည် ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ နှစ်ထောင်ကျော်ကို ကယ်ထုတ် နိုင်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တို့ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရွှေညောင်ပင်၊ အောင်မြေ(၁)နှင့် အောင်မြေ(၂)ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံများက ယမန်နေ့ (မတ်လ ၁၃)...

ပင်လောင်းမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်၊ နမ့်ဖာမှု၊ နောင်ဝိုးနှင့် အနီးတဝိုက်ကျေးရွာတွင် မတ်လ ၁၀ ရက်ကတည်းကစပြီး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားလာရာ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီ နေအိမ် ၆၀၀ ထပ်မနည်းပျက်စီး၊နေရာထိုင်ခင်းခက်ခဲ

သျှမ်းပြည် သိန္နီမြို့နယ်တွင် "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တိုက်ပွဲတို့ကြောင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီး၊နေရာထိုင်ခင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ "၁၀၂၇ စစ်ဆင်ရေး"အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ...

သျှမ်းမြောက်၌ အပြိုင်အဆိုင် စစ်ပြင်

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၇ ရက်နေ့) တွင် ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ...

Latest news