Tuesday, February 3, 2026

စစ်ကောင်စီ

နိုင်ငံရေး ရှုပ်ထွေးနေချိန် ပုံးအင်းဒေသတစ်ခုလုံးကို PNO လက်အောက်ထဲ သိမ်းယူရန် ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က နိုင်ငံရေး ရှုပ်ထွေးနေချိန် အခွင့်ကောင်းယူပြီး သိမ်းယူရန် ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပုံးအင်းဒေသသည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။ ထိုပုံးအင်းဒေသအတွင်းရှိ ကျေးရွာများကိုလည်း မြစ်ချောင်းအဖြစ် ခြားထားပြီး...

နိုင်ငံရေးကြပ်တည်းနေချိန် ကျိုင်းတုံဟော်နန်းပုံစံတူ ကျပ်သိန်း ၄ သောင်းကျော် ကုန်ခံပြီး တည်ဆောက်မည်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ သျှမ်းစော်ဘွားဟော်နန်း ပုံစံတူကို စစ်ကောင်စီအုပ်စုမှ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံပြီး တစ်နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျိုင်းတုံဟော်နန်းအသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည့်အကြောင်း နှင့် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တာဝန်ယူကာ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံ...

မိုင်းယော်တိုက်နယ် ရွာသူကြီးများ အခွန်ပြေစာတုဖြင့် ငွေကြေး အတင်းအဓမ္မကောက်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး နှင့် ရွာသူကြီးများသည် ပြည်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် (၂၇) ရက် နံနက်ပိုင်းမှာ မိုင်းကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းယီ နှင့် ကျေးရွာသူကြီး တို့ပူးပေါင်းပြီး အခွန်ပြေစာအတုဖြင့် တောင်သူများထံ...

ပျံကျစျေးသည်များ လမ်းဘေးစျေးမရောင်းရန် စည်ပင်များ ပိတ်ပင်

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် စားဝတ်နေရေးအတွက် ပျံကျစျေးသည်များ စျေးရောင်းရာမှာ မြို့နယ်စည်ပင်က ၃ ရက် အတွင်း ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ လမ်းဘေးဈေးသည်များသည် လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ကျူးကျော်ပြီး ရောင်းနေသည့်အတွက် မြို့နယ်စည်ပင်က (၃) ရက်အတွင်း...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက် (၃) ဦးထက်မနည်း ကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၃) ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန် (၂၄) ရက်တွင် လားရှိုး...

မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၆ )ရက် ညနေ ၂ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “တိုက်ပွဲက မစခင်...

ငြိမ်းချမ်းရေးက သွေးခွဲငြိမ်းချမ်းရေးများ ဖြစ်လေမလား

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေ (၂၀) ရက်က စတင်ပြီး လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ချင်းဆီနဲ့ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်တဲ့ အပေါ် ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခဆိုင်ရာ သုတေသီ လူငယ်အမျိုးသမီး...

ရွာငံမြို့နယ်အတွင်း ပြည်သူများကို PDF အကြောင်းပြပြီး စစ်ကောင်စီဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများကို PDF တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီတို့မှ နေအိမ်များ ဖျက်ဆီးပြီး၊ ပြည်သူတချို့ကိုလည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာရှိ နေအိမ် (၁) လုံး နှင့် ကျောက်ငှက်ကျေးရွာရှိ နေအိမ် (၆)လုံး၊ ကား...

တောင်ကြီးမြို့ ဗုံးပေါက်ကွဲပြီးနောက် မှတ်ပုံတင်မပါလျှင် မြို့ထဲဝင်ခွင့်မပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မြို့မဈေး မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများအပါအဝင် ခရီးသွားပြည်သူများ မှတ်ပုံတင်မပါရှိလျှင် မြို့ထဲသို့ ဝင်ခွင့်မပေးကြောင်း၊ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့အဝင်၊အထွက် စစ်ဆေးမှု တင်းကြပ်ခဲ့ပြီး၊ မှတ်ပုံတင်မပါရှိပါက တောင်ကြီးမြို့တွင်းသို့ ဝင်ခွင့်မပေးကြောင်း တောင်ကြီးမြို့...

တောင်ကြီးမြို့အတွင်း ဧည့်စာရင်း တင်းကြပ်စွာ စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း သွားလာမှု နှင့် ဧည့်စာရင်းကို တင်းကြပ်စွာ စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ညအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ည ၈ နာရီကျော် နေအိမ်၊ အဆောင်များ ဧည့်စာရင်း လိုက်လံစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သည့် အိမ်တွင် ရဲစခန်းတို့ တစ်ညအိပ်ရပြီး၊ ဒဏ်ငွေပေးဆောင်ပြီး အာမခံချက်ဖြင့်...

Latest news