Tuesday, February 3, 2026

စစ်ကောင်စီ

မိုင်းရှူးမြို့နယ် အရပ်သားကား စစ်ကောင်စီ ပစ်ခတ်၊ မိသားစု ၃ ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၈) ရက် ည ၇ နာရီဝန်းကျင်တွင် တောင်ဟျိုးကျေးရွာနေ...

ကျိုင်းတုံမြို့ CDM ကျောင်းဆရာ နှစ်ဦးကို စစ်ကောင်စီတို့ဖမ်းဆီးသွား

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၇) ရက်တွင် ကျိုင်းတုံမြို့မှ CDM ကျောင်းဆရာနှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၃၀...

စစ်ကောင်စီဘက်မှ SSPP/SSA တပ်စခန်းဘက် စစ်အင်အား ဖြည့်တင်းနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာအနီးသို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းနေရာများဖြစ်ကြသည့် လွိုင်နိုင်း - မန်ဝိန်း ဘက်သို့ ညသန်းခေါင် လူနေခြေတိတ်ချိန်တွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း မိုင်းရှူး...

ပုံးအင်း တောင်သူ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသအတွင်း ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ကာ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသထဲတွင် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် တို့ပါဝင်ပြီး၊ ထိုဒေသများတွင် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ယခင်က စပါးထွက်နှုန်း ကောင်းသော ဒေသဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းလာပြီးနောက် ကုန်ပစ္စည်းများ အပါအဝင်...

မိုးမိတ်မြို့နယ် ကျေးရွာတစ်ချို့ကို KIA နှင့် PDF တို့က လယ်ထွန်စက် မသုံးခိုင်း

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ကျေးရွာတစ်ချို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပြည်သူများကို လယ်ထွန်စက်မှ စက်မနိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လယ်ထွန်စက်နိုးခြင်းကြောင့် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲသံ မကြားမှာကို စိုးရိမ်သောကြောင့် KIA နှင့် PDF တို့မှ လယ်ထွန်စက်မသုံးခိုင်းခြင်းဖြစ်ကြောင်း...

လားရှိုးမြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ပြန်တွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် ပန်ယောင်းကျေးရွာ လူနာတစ်ဦးသည် လားရှိုးမြို့သို့ ဆေးကုရန် အတွက် ရောက်ရှိလာစဥ် ကိုဗစ် - ၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် လားရှိုးသို့ ဆေးကုသမှုခံယူရန်အတွက် ပန်ယောင်းရွာ ဒေသခံများသည် ဟိုပန်ဆေးရုံမှ လူနာတင်ကားဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့...

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးသွား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၁၈) နံနက် ၇ နာရီ၌ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆)ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်းပေး ဒလန် ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ...

မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ဟိုကန်ကျေးရွာအုပ်စုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင် ၁၆) ရက် နံနက်ပိုင်းတွင် ဟိုကန်ကျေးရွာအုပ်စုတွင်းရှိ နွားတင်းကုပ်တခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရှေ့တစ်နေ့က...

သီပေါမြို့ ကျွဲ၊ နွားများ အရေပြားအနာကျိတ်ရောဂါများဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ ကျွဲ ၊ နွားများတွင် အရေပြားအနာကျိတ် ရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအုပ်စု ၊ဆီထောက်ကျေးရွာအုပ်စု နှင့် စိန်ကျော့ကျေးရွာအုပ်စုအတွင်းရှိ ကျွဲ ၊နွားများတွင် အရေပြားအနာကျိတ် ရောဂါများ ဖြစ်ပွားကာ (၃-၄) လခန့်ကြာပြီး သေဆုံးမှုများရှိကြောင်း ဒေသခံပြောပြချက်အရသိရသည်။ ထိုသို့ ကျွဲ...

Latest news