မိုင်းရှူးမြို့နယ် အရပ်သားကား စစ်ကောင်စီ ပစ်ခတ်၊ မိသားစု ၃ ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၁၈) ရက် ည ၇ နာရီဝန်းကျင်တွင် တောင်ဟျိုးကျေးရွာနေ စိုင်းသီဟ မောင်းနှင်လာသည့် ကားကို ဇနီးဖြစ်သူ နန်းဆိုင်လူ နှင့် အသက် ၃ နှစ်အရွယ် သားဖြစ်သူတို့ လိုက်ပါစီးနှင်းခဲ့ပြီး၊ မိုင်းရှူးမြို့မှ တောင်ဟျိုးကျေးရွာအပြန်လမ်း တွင် စစ်ကောင်စီတို့ဘက်မှ သေနတ်ပစ်ခဲ့ကြောင်း မိုင်းရှူးမြို့နေ သူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုပစ်ခတ်မှုကြောင့် နန်းဆိုင်လူနှင့် အသက် ၃ နှစ်အရွယ်ရှိ သားသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စိုင်းသီဟ သည် မိုင်းရှူးဆေးရုံတွင် ဆေးကုသနေစဥ် သေဆုံးသွားခဲ့သည်။

“လမ်းတွေမှာ စောင့်ကြတဲ့ စစ်ကောင်စီတွေက ပစ်လိုက်တာ၊ မိခင် (နန်းဆိုင်လူ) နဲ့ ကလေးက ကားထဲမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်၊ ကားမောင်းသူ စိုင်းသီဟကတော့ ကျည်ဆံချက်များစွာနဲ့ ဆေးရုံမှာ ကုသမှုခံယူ နေစဥ်မှာပဲ သေဆုံးသွားခဲ့တယ်” ဟု မိုင်းရှူးမြို့နေ နီးစပ်သူ တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားသည့် နန်းဆိုင်လူနှင့် သားဖြစ်သူ အသက် ၃ နှစ် အရွယ်ကလေးငယ်ကို ရပ်ရွာဓလေ့ထုံးတမ်းအတိုင်း ယမန်နေ့ (ဇူလိုင် ၁၈) ရက် တွင် ညတွင်းချင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

ထို့ပြင် စိုင်းသီဟ ၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင် (၁၉) ရက်တွင် သင်္ဂြိုလ် မည်ဖြစ်ကြောင်း သိရသည်။

စိုင်းသီဟ

အရပ်သားကားကို သေနတ်ဖြင့် ပစ်လိုက်သည့် စစ်ကောင်စီအဖွဲ့သည် စိုင်းသီဟ ဆေးရုံတက် ဆေးကုသမှု ခံယူနေစဥ်အတွင်း လာရောက်ကြည့်ရှုပြီး မည်သည့်တာဝန်ယူ စကားပြောဆိုခြင်းမရှိပဲ ပြန်လည် ထွက်ခွာ သွားကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆေးရုံကို စိုင်းသီဟ ရောက်လာပြီး ခဏလောက်အကြာမှာ စစ်ဗိုလ်တချို့ရောက်လာတယ်၊ ပြီးတော့ ဆရာဝန်နဲ့ စကားပြောပြီး ပြန်ထွက်သွားတယ်၊ အဲ့အချိန်မှာလည်း စိုင်းသီဟလည်း သေဆုံးသွားပြီ၊ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှု စကားတစ်ခွန်းမှ မပြောဆိုသွားဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တို့၏ လုပ်ရပ်များသည် အပြစ်မဲ့ အရပ်သားပြည်သူများကို လက်နက် အားကိုး နိုင်ထက်စီးနှင်းမှု ပြုလုပ်သည့်အပြင် မည်သည့်တာဝန်ယူမှုများလည်း မရှိသည့်အတွက် ရင်နာကြောင်းလည်း မိုင်းရှူး ဒေသခံများက ဝေဖန်ပြောဆိုထားသည်။

“အရမ်းရင်နာဖို့ကောင်းတယ်၊ အခု ကျနော်တို့ ပြည်သူလူထုရဲ့ အသက်က လုံခြုံရေးမရှိဘူး၊ သူတို့ဘက်က လက်နက်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်နေတာ၊ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူး” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်မှာလည်း စစ်ကောင်စီတပ်မှ မိုင်းရှူးဒေသခံ သျှမ်းအမျိုးသား လူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာသေဆုံးသွားခဲ့ရပြီး လက်ရှိ အချိန်ထိ မည်သည့် တာဝန်ယူမှု တာဝန်ခံမှုမှ မရှိသေးပါ။

လက်ရှိ မိုင်းရူးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး SSPP တပ်စခန်းနေရာများကို ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ ၇ ရက် အတွင်း ဆုတ်ခွာရန် ပြောဆိုညွှန်ကြားထားကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...