မိုင်းကိုင်မြို့နယ် ကျေးရွာတစ်ချို့ ပြည်သူများ စစ်ဘေးကြိုတင်တိမ်းရှောင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ကျေးရွာတစ်ချို့မှ ပြည်သူများသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး စစ်ဘေးကြိုရှောင်လာနေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇူလိုင် (၁၉) တွင် မိုင်းကိုင်မြို့နယ်အတွင်း သေနတ်ပစ်ဖောက်သံကြားရသည်ဟု ပြည်သူများတစ်ချို့က ယူဆပြီး ကုံးကန်ကျေးရွာ၊ နမ့်စိုင်လီကျေးရွာ၊ ကုန်တီးရွာ နှင့် ဝမ်ဟွေအွန် ကျေးရွာရှိပြည်သူတစ်ချို့က ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ

“သူတို့ ထွက်ပြေးသွားကြတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲကတော့ ဖြစ်မဖြစ် မသေချာဘူး။ ကျနော်တို့လည်း အတိအကျမပြောနိုင်ဘူး။ သူတို့တွေ ပြောပြချက်အရတော့ ဗုံးပေါက်ကွဲပြီး သေနတ်ပစ်ဖောက်သံကြားလို့ ထွက်ပြေးလာကြတာပါ။ တိုက်ပွဲထပ်ဖြစ်ပွားမှာ စိုးရိမ်လို့ ထွက်ပြေးလာတာလည်းဖြစ်နိုင်တယ်” ဟု မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းကိုင်မြို့နယ် ဒေသထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ပြန်ဝင်လာသည်ဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။

သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာန အနေဖြင့် အတည်မပြုနိုင်သေးပေ။

စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ

အဆိုပါ RCSS/SSA ပြန်ဝင်လာပြီး လက်ရှိ မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်များနှင့်တိုက်ပွဲ ဖြစ်ပွားမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။

“ ကျေးရွာတွေထဲတော့ RCSS/SSA ပြန်ဝင်လာတယ်လို့ပြောကြတာပဲ။ ပြန်ဝင်လာဖို့ဆိုလည်း မလွယ်လောက်ဘူးထင်တယ်။ RCSS/SSA ရှိလား မရှိဘူးလားဆိုတာတော့ ကျနော်လည်း အတိအကျ မပြောနိုင်သေးဘူး။ အခု ပြည်သူတွေက သူတို့ ပြန်ဝင်လာပြီး တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတာ” ဟုစစ်ဘေးရှောင်များကို ကူညီသည့်သူက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်လာသည့် ကုန်းကန်ကျေးရွာ နှင့် နမ့်စိုင်လီရွာသား စုစုပေါင်း (၉၁) ဦးသည် မက်လန်းဘုန်းကြီးကျောင်းတွင်ရှိကြောင်း၊ ကုန်တီးရွာ နှင့် ဟွေအွန်ရွာသား (၄၅) ဦး သည် မိုင်းကိုင်မြို့ကျောင်းခမ်းဓမ္မာရုံတွင် ရောက်ရှိထားကြောင့် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်း (မိုင်းကိုင်မြို့)က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...