လဲချားမြို့ ကျွဲကျောင်းသားတစ်ဦးကို လူငယ်တစုက ဝိုင်းဝန်းရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် အမှတ် (၇) ရပ်ကွက်အတွင်း ကျွဲကျောင်းသားတစ်ဦးကို တစ်ရပ်ကွက်နေ လူငယ်များက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် လဲချားမြို့ရှိ ဂေါက်ကွင်းဘက် ကျွဲကျောင်းလွှတ်သွားသည့်အသက် ၁၃ နှစ်အရွယ် စိုင်းမတ်ကို အသက် ၁၇ – ၁၈ နှစ်ဝန်းကျင်ရှိ တစ်ရပ်ကွက်တည်းနေ ဖြိုးဝေယံ နှင့် သူငယ်ချင်း အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဖြစ်စဥ်များကို သိရှိသည့် ဒေသခံအမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူကရွာကနေ ဒီကို ကျွဲကျောင်း အငှားလာလုပ်တဲ့သူပါ။ ရောက်တာတော့ကြာပြီ၊ ဗမာစကားမတတ်ဘူး၊ အဲ့နေ့ ကျွဲကျောင်းလွှတ်တော့ ဖြိုးဝေယံတို့အုပ်စုက အကြောင်းမဲ့လာပြီးရန်ရှာတာ၊ ရိုက်နှက်တာကို ခံရတယ်၊ မျက်နှာတစ်ခုလုံး ဖောယောင်ပြီး ကျောကုန်းနဲ့ ရင်ဘတ်မှာ ဒဏ်ရာရထားတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

ရိုက်နှက်ခံရသည့် ကျွဲကျောင်းသား

စိုင်းမတ်ကို ရိုက်နှက်သည့် ဖြိုးဝေယံ နှင့် သူငယ်ချင်းများ အုပ်စုသည် ကျွဲကျောင်းသား စိုင်းမတ်ကို ရိုက်နှက်သည့် ရုပ်သံလူမှုကွန်ရက် စာမျက်နှာတွင် ထွက်ပေါ်လာသည်။

ထို့အပြင် ရိုက်နှက်ခံရသည့်အကြောင်းကို လူကြီးများထံ တိုင်ကြားပါက ဓါးဖြင့်ထိုးသတ်ခံရမည် ဟုလည်း ခြိမ်းခြောက်ခံရသည့်အတွက် ဖြစ်စဥ်ဖြစ်ပွားသည့်နေ့တွင် လူကြီးများကို မပြောပြရဲပဲ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်း အိမ်ရှင်သူဌေး မှ ဒဏ်ရာများကို မြင်မိပြီး မေးမြန်းရာမှ အကြောင်းစုံသိကာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သည့် လူကြီးများထံ တိုင်ကြားမှု ပြုလုပ်ခဲ့သည်။

“လူကြီးတွေကို တိုင်ရင် ဓါးနဲ့ထိုးသတ်မယ်လို့ ခြိမ်းခြောက်ခံရလို့ မပြောရဲပဲနေတာတဲ့၊ သူ့ သူဌေးက ဒဏ်ရာ မြင်ပြီးမေးတော့မှ အကြောင်းရင်းသိရတာ၊ သိသိချင်း ရပ်ကွက်လူကြီးနဲ့သက်ဆိုင်သူတွေကို သွားတိုင်တာ၊ အခုတော့ ကျူးလွန်သူ မိဘဘက်က ၄ သိန်း လျော်ကြေးပေးမယ်တဲ့” ဟု အသက် ၄၀ အရွယ်ရှိ ဒေသခံ အမျိုးသားက ပြောပြသည်။

လက်ရှိတွင် စိုင်းမတ်သည် မျက်နှာဖောယောင်ဒဏ်ရာများ၊ ရင်ဘတ် နှင့် ကျောအောင့်ဒဏ်ရာများခံစားနေရကာ ရန်ကုန်သျှမ်းလူငယ်များအသင်း နှင့် လဲချားလူငယ်များမှ သွားရောက်အားပေးစကားပြောပြီး ထောက်ပံ့ ငွေကြေးတချို့လည်း ပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး မတရားကျူးလွန်ခံရသူ စိုင်းမတ်အတွက် တရားမျှတမှုရရှိစေရေးနှင့် နောက်နောင်ကာလများတွင် ယခုလို လူမျိုးရေး အနိုင်ကျင့်ပြုမူဆောင်ရွက်မှုများ မရှိစေရန် မျှော်လင့်ကြောင်း သွားရောက်ကူညီခဲ့သူ လဲချားလူငယ်တစ်ဦးက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...