သတင်းပေါက်ကြားမှုကြောင့် မိုင်းဝီး အမျိုးသားတစ်ဦးကို TNLA မှ ပြန်လည်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသခံ အတွင်းဖြစ်စဥ် သတင်းများ ဆိုရှယ် မီဒီယာပေါ် ပေါက်ကြားမှုကြောင့် ဒေသခံအမျိုးသားတစ်ဦးကို တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA မှ ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် သျှမ်းသံတော်ဆင့်မှ စုံစမ်းရေးသားထားသည့် မိုင်းဝီးကျေးရွာအုပ်စုအတွင်း တွင် TNLA တို့မှ မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေသည့် သတင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုမှ ပြန်လွှတ်လာသည့် အမျိုးသားတစ်ဦးကို သျှမ်းသံတော်ဆင့် သတင်းပေးဟု ဆိုပြီး စွပ်စွဲကာ TNLA တပ်ဖွဲ့မှ ပြန်လည် ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို သည်။

မိုင်းဝီးကျေးရွာ

“ဖမ်းဆီးခံရသူက လုံးအိုက်ရွှေလို့ နာမည်ရှိတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်မှာ မူးယစ်အကြောင်းပြချက်နဲ့ TNLA တို့က ဖမ်းဆီးခဲ့တယ်၊ မိသားစုဝင်တွေက ပိုက်ဆံ ၅ သိန်းနဲ့ ပြန်သွားရွေးလို့ ၁၄ ရက်နေ့မှာ ပြန်လွှတ်လာတယ်၊ ဒါပေမဲ့ ၁၅ ရက်နေ့မှာတော့ ဖမ်းဆီးခံရတဲ့သတင်း ပေါက်လို့ ဆိုပြီး ပြန်ဖမ်းခံရတယ်” ဟု အမည်မဖော်လိုသူ မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ပြန်လည်ဖမ်းခံရသည့် လုံးအိုက်ရွှေသည် အသက် ၄၈ နှစ်ရှိပြီး ရိုးရိုးသာမာန် တောင်သူတစ်ဦးဖြစ်ကာ ဆိုရှယ်မီဒီယာ သတင်းတွေမသိသူ၊ သတင်းပေးလည်း မဟုတ်ကြောင်း ၎င်းနှင့် ရင်းနှီးသူများက ပြောသည်။

လုံးအိုက်ရွှေကို TNLA မှ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကိုလည်း မသိရှိရသေးပေ။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင်လည်း TNLA တပ်သားများသည် အရပ်ဝတ်များဖြင့် မိုင်းဝီးကျေးရွာအုပ်စု အတွင်းမှ မိုင်းအိုက်နိုင်စွမ် အသက် (၃၈) နှစ်၊ စိုင်းယီအေး (၃၉) နှစ်၊ စိုင်းသန်း၊ စိုင်းယီ နှင့် စိုင်းအိုက်လျန်တို့ကို နောက်ထပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းသိရသည်။

မိုင်းဝီးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ထားသည့် ဒေသခံရွာသားများ အနက် အများစုသည် သျှမ်းလူမျိုးများဖြစ်ကာ ကချင်လူမျိုး၊ တအာင်းလူမျိုးများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

မူးယစ်အကြောင်းပြကာ ဖမ်းဆီးခံရသည့် ရွာသားများကို သျှမ်းမြောက်ပိုင်း မိုင်းခတ်အတွင်းရှိ လယ်ကွင်းပျက်များ ထွန်ရန်အတွက် ခိုင်းစေမည်ဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...