စစ်ကောင်စီ
စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား...
မိုးမိတ်မြို့နယ် ထပ်တိုး PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တစ်နာရီ နီးပါး တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် ထပ်တိုးရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် တစ်နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃) ရက် မွန်းလွဲပိုင်း ၁ နာရီကျော် မှ ၂ နာရီကျော် အထိ...
ပင်လုံမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ တပ်သားသစ်စုဆောင်းမှာကို ပြည်သူများစိုးရိမ်
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် ပြည်သူများက တပ်သားသစ် စုဆောင်းမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၃) ရက် ည ၉ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ နှင့် နီးစပ်သည့် ဟိုင်းနန်းကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာထဲတွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့...
ယာဉ်ထိန်းရဲများ နည်းမျိုးစုံတပ်ပြီး ပြည်သူထံ ပိုက်ဆံအတင်းအဓမ္မကောက်နေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများသည် ပြည်သူထံ နည်းမျိုးစုံ ခေါင်းစဥ် တပ်ပြီး ပိုက်ဆံအတင်းအဓမ္မ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ အေးသာယာ ထုံးဖိုဂိတ်နှင့် ( ပ ) ကွေ့ တွင်ရှိသော ယာဉ်ထိန်းရဲများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ ၊ ဆိုင်ကယ် နံပါတ်ပြား...
မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ်...
ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးကောက်ခိုင်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုင်းရင်းသားလက်နက်ကိုင်တစ်စုက ဆက်ကြေးကောက်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန် ၃၀ ရက်တွင် ထိုလက်နက်ကိုင်တပ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် စကားပါးလာပြီး ဆက်ကြေးကောက်ခိုင်းကြောင်း သိရသည်။ “သူတို့ ကျနော်တို့ ပြည်သူတွေကိုခေါ်တာတော့မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေ အကြီးတွေကို စည်းဝေးခေါ်ပြီးတော့ ပြောလာတာတဲ့။ ဆက်ကြေးကောက်ခိုင်းတာ။...
ပြောင်းဈေးနှုန်းကျဆင်းမှုများကြောင့် တောင်သူများအရှုံးပေါ်
ပြောင်းစျေးနှုန်းများ ကျဆင်းလာသည့်အတွက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်ပြီး အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း ကမ္ဘာ့ပြောင်းစျေးနှုန်းကျဆင်းလာသည့်အပြင် စစ်အာဏာရှင်၏ တင်ပို့မှုလုပ်ထုံးလုပ်နည်း မူဝါဒ ပြောင်းလဲလာမှုကြောင့် ကြိုတင်ငွေလွှဲစနစ် တင်ပို့ရခြင်း နှင့် ဒေါ်လာငွေလဲလှယ်မှု စျေးနှုန်းကွာဟချက်ကြောင့် ပြောင်း တင်ပို့မှုများကို ကုန်သည်များက ရပ်နားထားရကြောင်း သိရသည်။ တချို့သော...
ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ
အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး...
တောင်ကြီးမြို့နယ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထွေအုပ်ရုံးမှ ဝန်ထမ်းပစ်ခတ်ခံရပြီး သေဆုံးသွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၂) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦး ထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂...
မိုင်းကိုင်လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာကာ ကုန်ပစ္စည်းများ ၊ မြေသြဇာများ အဆမတန် မြင့်တက်လာသည့် အတွက် စပါးစိုက်ပျိုးရန် စားရိတ်များလာမှုကြောင့် တောင်သူလယ်သမားများ ခက်ခဲလာရသည်။ ထို့အပြင် နိုင်ငံရေး...





