Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ကျောင်းဆက်မတက်တဲ့သူများ PNO နှင့် ပညာရေးဝန်ထမ်းများက ဒဏ်ငွေဆောင်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသားများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ နှင့် ပညာရေးဝန်ထမ်းများက ပိုက်ဆံအတင်း အဓမ္မကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းတွင် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုမှ ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသား၊သူ တချို့၏ မိဘများထံ (PNO) ပြည်သူ့စစ် တပ်ဖွဲ့နှင့် ကျောင်းဆရာများက ညှိနှိုင်းပြီး မြန်မာကျပ်ငွေ (၁) သိန်းအထက် ဒဏ်ငွေဆောင်ခိုင်းပြီးကြောင်း ဆီဆိုင်မြို့မှ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့

“ မူဆယ်မြို့၊ လာရှိုးမြို့ နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ လူငယ်တွေ၊ ကျောင်းဆရာမတွေက (PNO) ပြည်သူ့စစ် နဲ့ ညှိပြီး ဖိအားပေး ကျောင်းတက်ခိုင်းတယ်။ မတက်ရင် ဒဏ်ငွေအနည်းဆုံး (၁) သိန်းကနေ (၁၀ သိန်း အထိ ဆောင်ခိုင်းတယ်။အခုမိဘတွေက တစ်ယောက် (၁) သိန်းကျပ်ပေးရတာ (၂) ယောက်ရှိပြီ။ တခြားသူတွေကို ကောက်ဖို့ဖိအားပေးခံရ တာလည်းရှိတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုရှိ တချို့ကျေးရွာက ကျောင်းသား၊ သူများသည် စားဝတ်နေရး ခက်ခဲမှုကြောင့် ကျောင်းမတက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ပိုက်ဆံကောက်ရင် ဘယ်သူမှတော့ မပေးချင်ဘူးလေ ၊ စားဝတ်နေရေးအတွက် ရှိသေးတယ် ၊ တချို့တွေသူဆို ပိုက်ဆံမရှိဘူး။ စားဝတ်နေရေးအတွက် သား၊ သမီးတွေက နိုင်ငံခြားကို အလုပ်သွားလုပ်ကြတယ်။ တခြားမြို့ကို သွားလုပ်ကြတယ်၊ အခုသူတို့ လုပ်နေတဲ့ပုံစံက စားဝတ်နေရေးအတွက် ဖြေရှင်းဖို့အတွက် ပိတ်ပင်နေတယ်“ ဟု ၎င်း အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်းကျပ် နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ်လူငယ်များကို စစ်သင်တန်းပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...