ဆီဆိုင်မြို့နယ် ကျောင်းဆက်မတက်တဲ့သူများ PNO နှင့် ပညာရေးဝန်ထမ်းများက ဒဏ်ငွေဆောင်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသားများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ နှင့် ပညာရေးဝန်ထမ်းများက ပိုက်ဆံအတင်း အဓမ္မကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းတွင် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုမှ ကျောင်းဆက်မတက်ဘဲ အလုပ်သွားလုပ်သည့် ကျောင်းသား၊သူ တချို့၏ မိဘများထံ (PNO) ပြည်သူ့စစ် တပ်ဖွဲ့နှင့် ကျောင်းဆရာများက ညှိနှိုင်းပြီး မြန်မာကျပ်ငွေ (၁) သိန်းအထက် ဒဏ်ငွေဆောင်ခိုင်းပြီးကြောင်း ဆီဆိုင်မြို့မှ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့

“ မူဆယ်မြို့၊ လာရှိုးမြို့ နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ လူငယ်တွေ၊ ကျောင်းဆရာမတွေက (PNO) ပြည်သူ့စစ် နဲ့ ညှိပြီး ဖိအားပေး ကျောင်းတက်ခိုင်းတယ်။ မတက်ရင် ဒဏ်ငွေအနည်းဆုံး (၁) သိန်းကနေ (၁၀ သိန်း အထိ ဆောင်ခိုင်းတယ်။အခုမိဘတွေက တစ်ယောက် (၁) သိန်းကျပ်ပေးရတာ (၂) ယောက်ရှိပြီ။ တခြားသူတွေကို ကောက်ဖို့ဖိအားပေးခံရ တာလည်းရှိတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုရှိ တချို့ကျေးရွာက ကျောင်းသား၊ သူများသည် စားဝတ်နေရး ခက်ခဲမှုကြောင့် ကျောင်းမတက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ပိုက်ဆံကောက်ရင် ဘယ်သူမှတော့ မပေးချင်ဘူးလေ ၊ စားဝတ်နေရေးအတွက် ရှိသေးတယ် ၊ တချို့တွေသူဆို ပိုက်ဆံမရှိဘူး။ စားဝတ်နေရေးအတွက် သား၊ သမီးတွေက နိုင်ငံခြားကို အလုပ်သွားလုပ်ကြတယ်။ တခြားမြို့ကို သွားလုပ်ကြတယ်၊ အခုသူတို့ လုပ်နေတဲ့ပုံစံက စားဝတ်နေရေးအတွက် ဖြေရှင်းဖို့အတွက် ပိတ်ပင်နေတယ်“ ဟု ၎င်း အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်းကျပ် နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ်လူငယ်များကို စစ်သင်တန်းပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...