Tuesday, February 10, 2026

စစ်ကောင်စီ

ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ အိမ်ငှားရမ်း တိုက်ခန်းတစ်နေရာတွင် မြန်မာလုပ်သား ၆၆ ဦး ဧည့်စာရင်းမတိုင်ကြားထားသဖြင့် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းအချိန် မြန်မာလုပ်သားများ နေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း တစ်နေရာကို ထိုင်းဝန်ကြီးဌာန ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ကြားသည့်...

ကျောက်မဲ စစ်ရှောင် ဒေသခံတစ်ဦး ယာဉ်တိုက်ခံရပြီး၊ ခွဲစိတ်ကုသရန်လိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဝမ့်မိုင်ကျေးရွာ စစ်ရှောင် အမျိုးသားတစ်ဦးသည် ယာဉ်တိုက်ခံထားရပြီး ခွဲစိတ်ကုသရန် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ် တိုက်ခံထားရသည့် အသက် ၅၅ နှစ် လုံးအောင်ဆာသည် ဦးခေါင်းကွဲ နှင့် ခြေထောက်တစ်ဖက်ကျိုး ဒဏ်ရာရရှိခဲ့ကာ သီပေါဆေးရုံ၌ ဆေးဝါး ကုသခံယူနေရပြီး လာမည့်...

မြန်မာ – တရုတ် နယ်စပ်ဂိတ်မှ ဂျယ်ဂေါင်ဂိတ်မှာ အဝင်အထွက်များပြားနေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ်မှ ဂျယ်ဂေါင်ဂိတ်တွင် နေ့စဥ် အဝင်အထွက် များပြား နေကြောင်း သိရသည်။ ဂိတ်ပြန်လည် ဖွင့်လှစ်ခဲ့သည့် အချိန်မှ စပြီး ယနေ့ထိတွင် မြန်မာ - တရုတ် နယ်စပ် ဂျယ်ဂါင်ဂိတ်မှ နေ့စဥ် အဝင်...

သြဂုတ်လ အထိ CDM မပြုလုပ်သူများကို PSLF/TNLA မှ အရေးယူမည် ဟုဆို

သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သည် သြဂုတ်လ အထိ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးမှတစ်ဆင့် ဖေဖော်ဝါရီလမှ စတင်ကာ သြဂုတ်လ အထိ...

ပင်လောင်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ရှောင် (၅,၀၀၀) ကျော်သည် ဆယ်ရက်ကျော်ကြာ အိမ်ကို မပြန်နိုင်သေးကာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၉ ရက်) နံနက်အစောပိုင်း ၆ နာရီ ဝန်းကျင်မှစတင်ပြီး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

လုပ်ငန်းခွင်မှာ တန်းတူ လစာရရှိဖို့ ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

“ ရှင်းရှင်းပြောပါ..ကျယ်ကျယ်ပြောပါ၊ ဒုက္ခသည်များကို ကြိုဆိုကြပါ..၊ ရွှေ့ပြောင်းအလုပ်သမားများကို ကြိုဆိုကြပါ..၊ အမျိုးသမီးများကို ကြိုဆိုကြပါ “ ဆိုပြီး ထမီအလံကိုင်ဆောင်ကာ ဟော်ဟစ် တောင်းဆိုခဲ့သည်။ ယမန်နေ့ မတ် (၈) ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းရောက် ပြည်သူများနှင့်...

နယ်စပ်လုံခြုံရေးအတွက် ပအိုဝ်းလူငယ်များ ပူးပေါင်းတိုက်ပွဲ ပါဝင်ပေးရန် PNA ပြောဆို

သျှမ်း - ကယားပြည် နယ်စပ်လုံခြုံရေးအတွက် ပအိုဝ်းတိုင်းရင်းသားလူငယ်များ တတူတကွ ပူးပေါင်းတိုက်ပွဲ ပါဝင်ပေးရန် ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) က ပြောဆိုလိုက်ကြောင်း ယမန်နေ့ (မတ်လ ၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။ နယ်စပ်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိမ့်၊ လုံးပျဉ်၊...

ကွမ်လုံမြို့နယ် KIA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ ကျဆုံးမှုရှိ

သျှမ်းပြည် လားရှိုးခရိုင် ကွမ်လုံမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၇) ရက် မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီကျော် ဝန်းကျင်အထိ...

မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုရှေ့တွင် ဗုံးပေါက်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၇) ရက် ည ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး...

ဖယ်ခုံ အရှေ့ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေ

သျှမ်း - ကယားပြည် နယ်စပ် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၈) ရက် နံနက်အစောပိုင်း ၇ နာရီမှစပြီး ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးကို...

Latest news