Thursday, April 18, 2024

တာချီလိတ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းအရိုက်ခံရ

Must read

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ သျှမ်းရိုးမကွင်း နောက်လမ်းကြားတွင် ယမန်နေ့ (မတ်လ ၁၀ ရက်) မွန်းလွဲပိုင်း (၃) နာရီခွဲတွင် အမျိုးသားတစ်ဦး အရိုက်ခံထားရပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိကာ သတိမေ့လဲနေကြောင်း စုံစမ်းသိရှိရသည်။

ရိုက်နှက်ခံထားရသူ

“ အရိုက်ခံရတဲ့ ဒဏ်ရာက အတော်ပြင်းတယ်ဗျ။ ဦးခေါင်းမှာ တုတ်ချောင်းနဲ့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ သွေးလွန်ထွက်ပြီး ၃ နာရီလောက် သတိမေ့သွားတယ်။ အခု ပြန်သတိရလာတော့လည်း ဘာမှ မပြောနိုင်သေးဘူး “ ဟု သွားရောက်ကူညီခဲ့သည့် တာချီလိတ် ဦးလှမိုး အသင်း တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဦးခေါင်းအရိုက်ခံထားရသည့် အမျိုးသားတစ်ဦးသည် အမည်နှင့်နေရပ် လိပ်စာကို မသိရှိရသေးကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လူနေ ထူထပ်များသည်နှင့်အမျှ လုယက်မှု၊ ဓားပြတိုက်မှု၊ ရိုက်နှက်မှုများသည် မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် (ဖေဖော်ဝါရီလ) အတွင်းမှာ ရိုက်နှက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article