Thursday, February 5, 2026

CATEGORY

နိုင်ငံရေး

PNLA စစ်သုံ့ပန်း (၅)ဦးကို မသတ်ဖြတ်ကြောင်း PNO ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဆုံ ကျေးရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် PNLA ၏စစ်သုံ့ပန်း (၅)ဦးကို PNOက သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွင် ကျဆုံးသည်ဟု PNOမှ ငြင်းဆိုသွားခဲ့သည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) နေ့ ညနေပိုင်းတွင် ထီဆုံ ကျေးရွာအနီး တိုက်ပွဲ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)...

ရွှေနှင့် ဒေါ်လာ ဈေးတက်၍ လူ ၂၆ ဦး ဖမ်းဆီးခံရ၊ ဈေးနှုန်းဖော်ပြသည့် Facebook အကောင့် ၂၆ ခု အရေးယူမည်ဆို

ရွှေနှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ရောင်းဝယ်သည် ဆိုသည့် သံသယဖြင့် လူ ၂၆ ဦးကို ဖမ်းဆီး စစ်ဆေးနေရာ လူ ၉ ဦးကို အမှုဖွင့် အရေးယူထားပြီး ၆ ဦးကို တရားစွဲဆိုထားကာ Facebook အကောင့်နှင့် ဂရု ၂၇...

ထိုင်းနိုင်ငံအတွင်း ကာစီနိုလုပ်ငန်း၊ လောင်းကစားလုပ်ငန်းများအား တရားဝင်လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရမှ ဥပဒေမူကြမ်းအတည်ပြု

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင်အလမ်းများပိုမိုမြင့်တက်လာစေရန် ထိုင်းအစိုးရမှ လောင်းကစားလုပ်ငန်းများ၊ ကာစီနိုလုပ်ငန်းများအား တရားဝင်ခွင့်ပြုမည့် ဥပဒေမူကြမ်းအား အတည်ပြုကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်က ပြောကြားသည်။ ယမန့်နေ့ (ဇန်နဝါရီလ ၁၃) ရက်တွင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှအဆိုပြုထားသည့် ဖျော်ဖြေရေး အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့် လောင်းကစားလုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား အတည်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်...

စစ်ရေးလား၊ နိုင်ငံရေးလား၊ အဖွင့်ထူးခြားသည့် ၂၀၂၅

နိဒါန်း နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်သည် အလွန်ထူးခြားနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များဖြင့် ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ပြခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရအကူအညီရယူကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အပေါ် ဖိအားပေးကာ တွေ့ဆုံဆွေးနွေးရေးကို တဆာဆာဟစ်ကြွေးနေရပြီမဟုတ်ပါလား။ စစ်အာဏာရှင်စနစ်...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

စစ်ကောင်စီ၏ ဘက်တော်သား PNO က ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လက်လွတ်ထားရသည့် နယ်မြေကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် PNOမှ လက်လွှတ်ထားရသည့် ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲရာနေရာကို ၎င်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PNO အရာရှိတစ်ဦးက...

ဟိုပုံး စစ်တပ်လေ့ကျင့်ရေးတပ်မှ လက်နက်များပစ်ခတ်သံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်တပ်၏လေ့ကျင့်ရေးတပ်အတွင်းမှ လက်နက်များ ပစ်ခတ်လေ့ကျင့် နေမှုများကြောင့် တပ်နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဟိုပုံးမြို့နယ် စစ်တပ်လေ့ကျင့်ရေးဝန်းအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များမှ ညအချိန် လက်နက်များပစ်ခတ်လေ့ကျင့်နေမှုများကြောင့် အနီးနားတွင်နေထိုင်နေသော...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

ညောင်ရွှေ ကြံစိုက်သူများ စစ်ကောင်စီကို ငွေပေးမှသာလျှင် ခုတ်ပြီးသားအပင်များ မီးရှို့ခွင့်ပြုမည်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း ခုတ်ပြီးသားကြံပင်များအား မီးရှို့ခွင့်မပြုသည့်အတွက် ကြံစိုက်တောင်သူများ နောက်တကြိမ်စိုက်ပျိုးရန် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း ညောင်ရွှေမြို့နယ်အတွင်းရှိ ကြံပင်စိုက်ပျိုးသည့် ကျေးရွာများမှ ကြံစိုက်တောင်သူများအား ခုတ်ပြီးသားကြံပင်များအား မီးရှို့ခြင်းမပြုလုပ်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူသတိပေးစာထုတ်ထားကြောင်း လိုက်နာခြင်းမရှိပါက အရေးယူခံရမည်ဟု သတိပေးထားကြောင်း သိရသည်။ “မီးမရှို့ခိုင်းတဲ့အချက်ထဲမှာ ရှို့လိုက်တဲ့...

“ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ”

သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို လမ်းမျှော်ကြည့်လိုက်သောအခါ နီကြင်ကြင် အိမ်ကလေးများ၊ ကျိုးတိကျိုးတဲ ဆိုင်ခန်းများ တွေ့ရသည်။ ရေကြီးမှုဒဏ်ကြောင့် နေအိမ်၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုကို သုံးလကျော်ကြာ ရင်ဆိုင်လာခဲ့ရပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။ “နောက်နှစ်ရေကြီးရင်တော့ ကျမတို့ နေရာက မသေချာတော့ဘူး”...

Latest news