ကွတ်ခိုင်မြို့နယ်တွင် လက်နက်ခဲယမ်း လာဝယ်သော PDF တပ်သားများကို TNLA ပြန်ဖမ်း

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် လက်နက်ခဲယမ်း လာဝယ်သည့် စစ်ကိုင်း PDF တပ်သားများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြန်လည် ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် ကွတ်ခိုင်မြို့သို့ လက်နက်ခဲယမ်းများ လာဝယ်သည့် စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့မှ တပ်သား ၁၀ ဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် TNLA ဘက်မှ ကွတ်ခိုင်မြို့ပြင်ရှိ ထမင်းဆိုင်နေရာတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငွေသား ကျပ်သိန်း ၁ ထောင်ကျော်၊ Star Link စတားလင့် ဝိုင်ဖိုင်စက်နှင့် ဖုန်းတို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“TNLA စစ်သားတွေ ရှုပ်ရှုပ်ရှက်ရှက် ဖြစ်နေတာတွေ့လို့ သူတို့ကိစ္စဖြစ်နေတဲ့ နေရာနား မနီးမဝေးကနေ သွားကြည်ခဲ့တာ။ သူတို့ကတော့ စစ်ကိုင်းဘက်ကနေ တက်လာပြီး လက်နက်တွေ လာဝယ်တဲ့ PDF တွေလို့ ပြောတယ်။ ပြီးတော့ ပြည်သူတွေကို လက်နက်အရောင်းအဝယ်တွေ ပေးမလုပ်ဘူးလို့ ပြောလိုက်သေးတယ်။ သူတို့ပဲ အရောင်းအဝယ် လုပ်တာလေ”ဟု ဖြစ်စဉ်သိရှိသူ ကွတ်ခိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးထံသို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထိုဖမ်းဆီးထိန်းသိမ်းခံရသည့် PDF တပ်သား ၁၀ ဦးကို TNLA မှ ပြန်လွှတ်ပေးခဲ့သော်လည်း ငွေသားများနှင့် လက်နက်များကို ဆက်လက်သိမ်းဆည်း ထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် TNLA မှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် ၎င်း စစ်ကိုင်း PDF တပ်သား ၁၀ ဦးမှာ အပြန်လမ်းဖြစ်သည့် မန်တုံမြို့နယ်တွင်လည်း မတ်လ ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်၌ မန်ပန်ရွာအနီး TNLA တပ်သားများ၏ ဖမ်းဆီးစစ်ဆေးမှုကို ထပ်မံကြုံတွေ့ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် လက်နက်ခဲယမ်းများကို ကချင်လွတ်လပ်‌ရေးတပ် KIA ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့မှ အောက်ခြေတပ်သားများထံတွင် ဝယ်ယူလို့ရကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...