မိုင်းနောင် ပြည်သူ့စစ်ထမ်းရမည့်သူများကို ကျေးသီးမြို့နယ်သို့ ပို့ဆောင်မည်ဟုဆို
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းနောင်မြို့ပေါ်နေ ဒေသခံများကို ပြည်သူ့စစ်မှုထမ်းအပတ်စဉ်သစ်အတွက် လူတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုင်းနောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် ခေါ်ယူရာရန်ကိစ္စနှင့်ပတ်သက်ပြီး မြို့လယ်ခန်းမတွင် အစည်းဝေးခေါ်ခဲ့ကြောင်း မိုင်းနောင်မြို့ဒေသခံမျိုးသား တစ်ဦးက...
ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးထပ်ကြဲခံရပြီး အမျိုးသမီး (၃) ဦးအပါအဝင် ၅ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး(၃) ဦး အပါအဝင် စုစုပေါင်း (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လယ် ၂ နာရီခွဲအချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်...
သျှမ်းတောင် စစ်ရေး ဆက်လက် ပြင်းထန်နေ
သျှမ်းပြည် တောင်ပိုင်းတွင် စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်းအားစုတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ တို့တွင် ယခု ဇွန်လပထမပတ်မှ စတင်၍ စစ်ကောင်စီ နှင့် PNOတို့သည် စစ်အင်အားဖြည့် ထိုးစစ်ဆင်မှုကြောင့် ယမန်နေ့ (ဇွန်လ...
ကျောက်မဲမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့ ပြည်သူ အိမ်မောကျချိန် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၊ အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) မနက် ၁၂ ခွဲကျော် အချိန်တွင် ကျောက်မဲမြို့ ရပ်ကွက် ၇...
သျှမ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် “သျှမ်းလူငယ် ကွန်ဂရက်” ဖွဲ့စည်း
သျှမ်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေး၊ တော်လှန်ရေး စိန်ခေါ်ချက်များကြီးမာနေချိန် ဖြစ်သဖြင့် သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများမှ “သျှမ်းလူငယ်ကွန်ဂရက်” DYC ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။ အဆိုပါ သျှမ်းလူငယ်ကွန်ကရက်(DYC) သည် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ မိမိတို့ ကြမ္မာ မိမိဖန်တီးခွင့်ရရှိရေး၊ သျှမ်းလူငယ်ထုမှသည် သျှမ်းတစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး ဆိုသည့် မူဝါဒများအတိုင်း...
နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...
ရွှေ့ပြောင်းစနစ် နှင့် ဆက်ကြီးထွားနေသည့် သျှမ်းပြည်ထဲ ကျားဖြန့်ဂိုဏ်း
ကျားဖြန့်ဆိုပြီး လူသိများသည့် အွန်လိုင်း လောင်းကစားပပျောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ က နည်းမျိုးစုံကြိုးစားနေသော်လည်း ယနေ့အချိန်ထိ သျှမ်းပြည်အတွင်း ပပျောက်မှု မရှိနေသည်မှာ လူထုအတွက်မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယခုနှစ်အစပိုင်း၍ ကျားဖြန့် ပပျောက်ရန်အတွက် ထိုင်း-မြန်မာ- တရုတ် စသည့် သုံးနိုင်ငံ အာဏာပိုင်များက ပူးပေါင်းပြီး ဘက်စိတ်တိုက်...
ဝဿန်မိုး နှင့်အတူ သောကမျက်ရည်စီးမျှောနေရသည့် စစ်ဘေးရှောင်
မိုးရာသီ ရောက်ပြီ။ မုတ်သုံအဝင် မိုးဦးအစမှာပင် မိုးအဆက်မပြတ် ရွာသွန်းနေသည်။ ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။ လယ်ယာလုပ်ငန်းခွင်တို့ ခြေဦးမလှည့်နိုင်ခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိလေပြီ။ တောင်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော “ဒုန်းဒုန်းဒိုင်းဒိုင်း” သေနတ်သံများအကြားတွင် ဖိနပ်မပါ ခြေဗလာဖြင့်...
ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်...
နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...





