Sunday, February 1, 2026

သျှမ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် “သျှမ်းလူငယ် ကွန်ဂရက်” ဖွဲ့စည်း

သျှမ်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေး၊ တော်လှန်ရေး စိန်ခေါ်ချက်များကြီးမာနေချိန် ဖြစ်သဖြင့် သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများမှ “သျှမ်းလူငယ်ကွန်ဂရက်”​ DYC ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။ 

အဆိုပါ သျှမ်းလူငယ်ကွန်ကရက်(DYC) သည် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ မိမိတို့ ကြမ္မာ မိမိဖန်တီးခွင့်ရရှိရေး၊  သျှမ်းလူငယ်ထုမှသည် သျှမ်းတစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး ဆိုသည့် မူဝါဒများအတိုင်း ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

လွန်ခဲ့သည် ၂၀၂၄ခုနစ် မေ ၁၃ရက် မှ ​၁၅ရက်အထိ သုံးရက်တာ ပထမအကြိမ် “တိုင်း” လူငယ်ထု ညီလာခံ ကျင်းပခဲ့ရာ မှ ဆုံးဖြတ်ချက် တစ်ခုဖြစ်သော သျှမ်းလူငယ်များအကြား ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းများ ပေါ်ပေါက်လာရေး ဟူသောအချက်အရ ညီလာခံသို့ တက်ရောက်ခဲ့ကြသည့် သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများမှ   DYC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ 

“  ရည်ရွယ်ချက်က အကုန်လုံးကိုပူပေါင်းဖို့ အတွက် ရည်ရွယ်ထားတာပါ။ ပြည်တွင်းကော ပြည်ပမှာကောရှိနေတဲ့ သျှမ်းကွန်ယက်၊ လူငယ်အဖွဲ့အစည်းတွေ၊ ပြီးတော့ နိုင်ငံရေပါတီ နဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့တွေ အကုန်ပူးတွဲပြီး အလုပ်လုပ်သွားနိုင်အောင်ပါ။” ဟု  DYC ၏ ပြောခွင့်ရ စိုင်းလျန်းပန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းလူငယ်အဖွဲ့အစည်း (၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး၊ လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ 

“ ကျနော်တို့ ထွက်လာတဲ့ ထုတ်ပြန်ချက်မှာ‌တော့ အဖွဲ့ ၆ ဖွဲ့ရှိပါတယ်။ တခြားအဖွဲ့တွေကြတော့ ဒီလုံခြုံရေးတွေအတွက် သူတို့လည်း နာမည်မထွက်ရဲတာသေးတာပါ။ အလုပ်လုပ်တဲ့အချိန်ကြရင်တော့ အတူပါဝင်လုပ်ဆောင်မှာပါ” ဟု စိုင်းလျန်းပန် က ဆိုသည်။ 

ထို့အပြင် လက်ရှိတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အတွက် ကဏ္ဍအသီးသီးမှ ကျရာနေရာတွင် စုစည်းပြီး ပါဝင်တိုက်ပွဲဝင်နေကြသော ပြည်တွင်း၊ပြည်ပ နေရာဒေသ အသီးသီးရှိ တော်လှန်ရေး မဟာမိတ် အင်အားစုများနှင့် လည်း လက်တွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု DYC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News