SHAN -
အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် စစ်ရေးအငြင်းပွားသည့်နယ်မြေ မိုင်းရှူးနယ်အတွင်း ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရ မသိရှိရဘဲ တပ်မတော် ဘက်မှ စီစဉ်နေခြင်းသာဖြစ်သည်ဟု သျှမ်းပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ပြောသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ...
သျှမ်းပြည်တွင်း မြို့ကြီးများတချို့တွင် နိုင်ငံကူးလက်မှတ် Passport လျှောက်ထားနိုင်ပြီဟုဆိုသော်လည်း ဒေသခံပြည်သူလူထု လွယ်ကူမြန်ဆန်မှုမရသေးဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသေးကြောင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ ကပြောသည်။ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ဒုတိယ) နေ့တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ...
RCSS ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင်ကျင်းပရန် နေပြည်တော်တွင် ကျင်းပသည့် JICM ၆ ကြိမ်မြောက်အစည်းအဝေးတွင် သဘောတူခဲ့ကြကြောင်းသိရသည်။ “ဘယ်နေ့လဲဆိုတာတော့အတိအကျမသိရသေးဘူး။ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကိုတော့ ဖေဖော်ဝါရီလမှာ လုပ်မယ် လို့ကြားထားတယ်။ RCSS က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် သျှမ်းအမျိုး...
SHAN -
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND မကျင်းပနိုင်သေးသော်လည်း သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံကာ နိုင်ငံရေးအတွက် ပြင်ဆင်မှု ပြုလုပ်ထားသင့်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။ လာမည့်ဒီဇင်ဘာလ တွင် ငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပရန် မြန်မာအစိုးရ ဘက်က ပြင်ဆင်နေချိန် အစိုးရကိုယ်စားလှယ်နှင့် NCA...
SHAN -
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နက်ြဖန် နိုဝင်ဘာ ၁၈ ရက်နေ့ ဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။ ကမာရွတ်မြို့နယ် ရွှေလီလမ်း တိုက်အမှတ် ၆ တွင် ဖွင့်လှစ်မည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား...
အလွှာအသီးသီးပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက် အစည်းအဝေးကြီးကို ဗိုလ်ချုပ်ကြီးယွက်စစ် ကမကထပြု ကျင်းပမည်
SHAN -
သျှမ်းပြည်တိုင်းရင်းသား အဖွဲ့အစည်းအစည်းများ၊ အလွှာအသီးသီးမှ လူထု ၊ အသင်းအဖွဲ့များ ပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက်ကို မကြာမှီ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ အဆိုပါ သျှမ်းပြည်ကွန်ဂရက်အစည်းအဝေးကြီးကို လာမည့် ဒီဇင်ဘာ – ဂျန်နဝါရီ လ အတွင်း ကျင်းပမည့်ဖြစ်ပြီး နေရာမှာမူ သျှမ်းပြည်တပ်မတော် ဌာနချုပ်...
ရက်ပိုင်းအတွင်း ၀ နှင့်မိုင်းလားအား အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်လာတွေ့မည်
SHAN -
လာမည့် ရက်ပိုင်းအတွင်း ၀ နှင့်မိုင်းလားအား အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက လာရောက်တွေ့ဆုံ မည်ဟုသိရသည်။ တရုတ်ဘက်က ဆက်သွယ်ပေးမှုအရ အစိုးရကိုယ်စားလှယ်တွေနဲ့ ၀ ၊ မိုင်းလားကိုယ်စားလှယ်တွေတွေ့မယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ ပြောတယ်။ ဖွံံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ တွေ့ကြမယ်။ ငြိမ်းချမ်းရေး ခေါင်းစဉ် တပ်ပြီးဆွေးနွေးရင်...






