Wednesday, January 28, 2026

တရုတ်သမ္မတ မြန်မာပြည် လာမည်

မြန်မာပြည် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ ရှီကျင့်ဖျင် လာရောက်မည်။

Photo by Myanmar State Consellor office

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ နေပြည်တော် ကို ဇန်နဝါရီ ၁၇၊ ၁၈ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး နှစ် စတင်ခြင်း အခမ်းအနားကို လာရောက်ခြင်းဖြစ်ကြောင်းဖြစ်သည်။

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် ကို ကြိုဆိုသည့် ဆိုင်းဘုတ်များ ကို နေပြည်တော်တွင် စထောင်ပြီး၊ လုံခြုံရေးကိုလည်း တိုးမြင့်ထားကြောင်း နေပြည်တော် တွင်နေထိုင်သူများက ပြောသည်။

တရုတ်သမ္မတ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှင့် တွေ့ဆုံသွားရန် ရှိသည်။

Photo by Standard Time Daily

ထို့ပြင် နိုင်ငံရေး ပါတီ အသိုင်းအဝန်းများနှင့် တေ့ွရန် လျာထားသည် ဟုလည်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ကုန်သွယ်ရေး ပိုင်းတွင် အဓိက ကျသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် တရုတ်သမ္မတ ယခု လာသည့် အချိန်အတွင်း ငြိမ်းချမ်းရေး ကိစ္စ၊ သျှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်နေသည့် (one belt, one road) စီမံကိန်း နှင့် မြစ်ဆုံစီမံကိန်း တို့ကို ထည့်သွင်းဆွေးနွေးရန် ရှိ၊မရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ က စိတ်ဝင်စားနေကြသည်။

၁၈နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံသမ္မတ တဦး ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

၂၀၀၉ ခုနစ် တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုသမ္မတဖြစ်ချိန်တွင် မြန်မာနိုင်ငံကို အလည်အပတ် တကြိမ်ရောက်ခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက် ခဲယမ်း ထောက်ပံ့မှု မရှိ ဟု တရုတ်သမ္မတ ပြော

0
တိုင်းရင်းသား လက်နက်ကိုင်များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း လုံးဝမရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှု သည် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖျင် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်...

မြန်မာပြည်လာမည့် တရုတ်သမ္မထံ နမ့်ခမ်းပြည်သူများ BRI စီမံကိန်း ကန့်ကွက်ကြောင်း စာထုတ်

0
တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည် သို့ လာရန် တရက် အလိုတွင် ပိုးလမ်း (BRI) စီမံကိန်း ကိစ္စ ကန့်ကွက်ကြောင်း နမ့်ခမ်းပြည်သူများ က သဘောထားထုတ်ပြန်ခဲ့သည်။ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရောက်ရှိမည်။ ထို့ကြောင့် တရုတ်သမ္မတ မလာခင်...