Wednesday, January 28, 2026

တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက် ခဲယမ်း ထောက်ပံ့မှု မရှိ ဟု တရုတ်သမ္မတ ပြော

တိုင်းရင်းသား လက်နက်ကိုင်များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း လုံးဝမရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုလိုက်သည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

အဆိုပါ ပြောဆိုမှု သည် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖျင် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ က ဆောင်ရွက်နေသည့် “ One Belt One Road” စီမံကိန်းများတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အကျိုးရှိစေသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာပြီး ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အထောက်အကူ ရရှိစေနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

ထို့ပြင် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရ မည်ကို တိုင်းရင်းသားအားလုံး နားလည်လက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊သမ္မတ ရှီကျင့်ဖျင် ကလည်း တိုက်တွန်းအားပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ဆက်လက်ပြီး မိုင်းပေါင်း ၂၀၀၀ ကျော် နယ်နိမိတ် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် နိုင်ရန် အရေးကြီးကြောင်း၊ မည်သည့် အဖွဲ့အစည်း ဖြစ်စေ တရုတ်နိုင်ငံ ပိုင်နက် ကို အသုံးချပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုး လက်မခံကြောင်းလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုလိုက်သည်။

ယနေ့ မနက်ပိုင်း တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည့် ယနေ့ မနက်ပိုင်း တွင် နေပြည်တော် သမ္မတအိမ်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် တရုတ်-မြန်မာ ၂နိုင်ငံကြား နားလည်မှု စာချွန်လွှာ ၃၃ခု ကို သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာပြည်လာမည့် တရုတ်သမ္မထံ နမ့်ခမ်းပြည်သူများ BRI စီမံကိန်း ကန့်ကွက်ကြောင်း စာထုတ်

0
တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည် သို့ လာရန် တရက် အလိုတွင် ပိုးလမ်း (BRI) စီမံကိန်း ကိစ္စ ကန့်ကွက်ကြောင်း နမ့်ခမ်းပြည်သူများ က သဘောထားထုတ်ပြန်ခဲ့သည်။ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရောက်ရှိမည်။ ထို့ကြောင့် တရုတ်သမ္မတ မလာခင်...

တရုတ်သမ္မတ မြန်မာပြည် လာမည်

0
မြန်မာပြည် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ ရှီကျင့်ဖျင် လာရောက်မည်။ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ နေပြည်တော် ကို ဇန်နဝါရီ ၁၇၊ ၁၈ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။ မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့်...