Tuesday, January 27, 2026

နမ့်ဆန်မြို့နယ် အတွင်း လက်နက်ကြီးကျ နေအိမ်တလုံး မီးလောင်

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာ ၌ ယနေ့(ဒီဇင်ဘာ ၁၇) တွင် လက်နက်ကြီးကျသဖြင့် နေအိမ် တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo by လွယ်ပျက်ကျေးရွာ ဒေသခံတဦး

ဖြစ်စဉ်မှာ ယနေ့ ညနေ ၅နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွားပြီး လွယ်ပျက်ကျေးရွာ အတွင်းရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ ခဲ့ကြောင်း လွယ်ပျက် ကျေးရွာ ဘုန်ကြီးကျောင်း ဆရာတော် ဦးစာရိတ္တ က သျှမ်းသံတော်ဆင့် သို့ မိန့်သည်။

“ ညနေ က တိုက်ပွဲ မိနစ် ၂၀လောက်ဖြစ်တယ်။ အဲ့မှာ လက်နက်ကြီးက မဆွေယဉ်တို့ နေအိမ်ပေါ်ကျပြီး မီးလောင်သွားတာ။ လူထိခိုက်မှု မရှိဘူး။အခုတော့ မီးငြိမ်းပြီ” ဟု ဆရာတော် ဦးစာရိတ္တ က မိန့်ကြားသည်။

နေအိမ် လက်နက်ကြီးကျ မီးလောင်စဉ်တွင် အိမ်ထဲတွင် မည်သူမှ မရှိသဖြင့် လူထိခိုက်မှု မရှိကြောင်း၊ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လွယ်ပျက်ကျေးရွာ ဒေသခံများ အနီးပတ်ဝန်းကျင်သို့ ခေတ္တထွက်ပြေးတိမ်းရှောင်ရကြောင်း ဆရာတော်က ထပ်လောင်း မိန့်သည်။

နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် TNLA နှင့် မြန်မာ့တပ်မတော် ထိတွေ့မှု မကြာခဏ ရှိပြီး။ ထိုနေရာ တွင် မြေမြုပ်မိုင်းများစွာရှိကာ ဒီဇင်ဘာ ၁၂ရက်နေ့တွင် လွယ်ပျက်ကျေးရွာ သားတဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်းသိရသည်။

TNLA နှင့် မြန်မာ့တပ်မတော်သည် နမ္မတူမြို့နယ် နှင့် မိုင်းငေါ့မြို့နယ်ခွဲ တွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှု ၂ နေရာဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။

ဒီဇင်ဘာ လအတွင်း မြန်မာ့တပ်မတော် သည် TNLA ရှိသည့်နေရာကိုထိုစစ်ဆင်မှု ပိုမိုပြင်းထန်လာကြောင်း၊ ယခု ဒီဇင်ဘာအတွင်း မြန်မာ့တပ်မတော် နှင့် TNLA သည် တိုက်ပွဲ ၁၃ကြိမ်အထိရှိကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကုတ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးပျံလွန်၊ အမျိုးသမီးတစ်ဦး သေဆုံး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့အရှေ့ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄)...

တောင်းခမ်းဒေသ (၃၅၄) အမြောက်တပ်ထဲ လက်နက်ကြီး ကျကွဲ စစ်ကောင်စီလက်နက်တိုက် မီးလောင်

0
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ (၃၅၄) အမြောက်တပ်ရင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက်ပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA...

ဒီးမော့ဆိုမြို့ စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

0
ကယားပြည်( ကရင်နီ) ဒီးမော့ဆို မြို့အနီးရှိ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်ကို စစ်ကောင်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်သဖြင့် ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ညနေပိုင်း ၃ နာရီတွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် ပြည်သူ့နေအိမ် ၄...

ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ...

ရပ်စောက် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ သံဃာနှစ်ပါး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ခြင်းကြောင့် သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုရှိ ရတနာပုံ အရှေ့ရွာနှင့် အနောက်ရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ...