Tuesday, January 27, 2026

ရက်ပိုင်းအတွင်း RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်သွားမည်

အပစ်ရပ်ခေါင်းဆောင်များ အဖွဲ့ အစည်းအ ဝေး PPST နှင့် NCA အကောင်အထည်ဖေါ်မှုဆိုင်ရာ JICM အစည်းအ ဝေးတက်ရောက်ရန်  ဇန္နဝါရီ ၆ ရက် နေ့ မနက်ဖြန်၌ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ခရီး စတင်မည်ဟု သိရသည်။

Photo SHAN- ၂၀၁၉ အောက်တိုဘလက သတင်းစာရှင်းလင်းနေသော ဗိုလ်ချုပ်ကြီးယွက်စစ်

အဆိုပါခရီးစဉ်သည် မယ်ဆိုင် – တာချီလိတ် မှတဆင့်နေပြည်တော်သို့ သီးသန့်အထူးလေယာဉ်ဖြင့် သွားရောက်မည်ဟုလည်းဆိုသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းဦး က- “ဟုတ်ပါတယ် JICM အစည်းအဝေးတက်ရောက်မယ့်ခရီးစဉ်ဖြစ်ပါတယ် ” – ဟု အတည်ပြုပြောဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် သည် ဇန္နဝါရီ ၇ ရက် နေပြည်တော်တွင်ကျင်းပမည့် PPST အစည်းအ ဝေး၊ ဇန္နဝါရီ ၈ ရက်နေ့ JICM အစည်းအ ဝေးတက်ရာက် ပြီး နောက် ပိုင်း နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့်လည်း သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခြင်း လေးနှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် ပြင်ဆင်ထားသည့် ခရီးစဉ်အား တပ်မတော်ဟန့်တားသည့် နောက် ပိုင်း အခု နေပြည်တော်ခရီးစဉ် သည် ပထမ ဉီးဆုံးခရီးစဉ်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

နေပြည်တော်၌ စစ်ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရ

0
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတွင် ပါဝင်သော အရပ်သား ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုဝန်ကြီးများအား ပြင်ပ နေအိမ်များတွင် နေထိုင်ခွင့် မပြုတော့သဖြင့် ဝန်ကြီး အိမ်ယာတွင်သာ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရသည်ဟု နေပြည်တော် သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၉ ရက်)...

ရမခ စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူး မိသားစုများ လားရှိုးမှာ နေပြည်တော်သို့ ထွက်ပြေး

0
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူး တို့၏ မိသားစုများ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) က လားရှိုးမှ နေပြည်တော်သို့ ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။ လားရှိုးမြို့ အခြေစိုက် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊...

နေပြည်တော် စစ်တိုင်းမှူး အပါအဝင် အရေးကြီး တပ်မှူးနေရာများ အပြောင်းအလဲ လုပ်ပြန်

0
စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရေးကြီးနေရာများကို ကိုင်တွယ်ရသည့် တပ်မှူး တချို့ကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၈ ရက်) တွင် ပြောသည်။ စစ်ကောင်စီသည် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့လိုက်ပြီး...

နေပြည်တော် အေလာလေတပ်စခန်း ၁၀၇ မမ ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ

0
နေပြည်တော် အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံးများဖြင့် ယနေ့(ဧပြီလ ၁၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း Mountain Knights Civilian Defense Force မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ နှင့်...