SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...
စစ်အာဏာရှင်ကို ခိုလမ်ပြည်သူများ စတင် ဆန္ဒပြ
SHAN -
ယနေ့ ဖေဖော်ဝါရီ (၁၁) ရက် မနက် ၁၀ နာရီဝန်းကျင်က ခိုလမ်ပြည်သူတွေအစိုးရ ဝန်ထမ်းတွေ စုစုပေါင်း လူအင်အား ၂၀၀ ဝန်းကျင် က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ “ကျနော်တို့ ဒီနေ့မှစပြီး ဆန္ဒပြတဲ့အတွက်ကြောင့် လူအင်အားနည်းနေသေးတယ်” ဟု ခိုလမ်မှာ ဆန္ဒပြသူ တစ်ဦး ကပြောပါတယ်။ အဆိုပါ...
မိုင်းကိုင် မှာ အစိုးရဝန်ထမ်းနဲ့ ပြည်သူအင်အား ၁သောင်းကျော် စစ်အာဏာရှင် ဆန့်ကျင်မှုကို ဆက်လက် ပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့မှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့အနေဖြင့် အစိုးရဝန်ထမ်နဲ့ ပြည်သူအင်အား ၁ သောင်းကျော် တို့ ဆက်လက်ပြီး ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းကိုင်မွေတော်ဘုရား မှ စတင်ပြီး မိုင်းကိုင်မြို့အဝင် ဆိုင်းဘုတ်ထိ လမ်းမ...
နောင်ချိုမြို့နယ် ထွေအုပ် စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားမှု ပါဝင်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် (Civil Disobedience Movement) လှုပ်ရှားမှု ပါဝင်လာကြကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါဝင် အဖွဲ့ဝင် (၅)ဦးသည် အုပ်ချုပ်ရေးမှူးအဖွဲ့တွင် ပထမဆုံး...
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် အဖြစ် ထပ်မံ အဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁)ရက် တွင်တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ် နှင့်...
RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...
နောင်ချို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ထိန်းသိမ်းခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်မှရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ကို ယနေ့(ဖေဖော်ဝါရီ ၁၀)ရက် ညနေပိုင်း ၄ နာရီခွဲခန့်တွင် ၎င်းနေထိုင်ရာ ကျောက်တောကျေးရွာ နေအိမ်မှ လာရောက်ခေါ်ယူ သွားကြောင်း မိသားစုဝင်များထံမှသိရသည်။ “အရပ်ဝတ် စရဖတွေနဲ့ နယ်မြေခံ ရဲတွေ လာခေါ် သွားတာပါ။ ဘယ်ကို ခေါ်သွားမယ်ဆိုတာကို...
စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မိုင်းရယ်လူငယ် သဘာဝဘေးအန္တရာယ်ဖြင့်အမှုဖွင့်ခံရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့သည့် လူငယ်တဦးသည် ကိုဗစ်- ၁၉ သဘာဝဘေအန္တရာယ်ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ည ၆ နာရီအချိန်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၂၇နှစ်အရွယ်ရှိ မောင်စိုးကျော်ကို တပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ယနေ့ သွားရောက်ထုတ်ရာတွင်...
ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းသည့်အတွက် ဘဏ်ပိတ်ထားရ
SHAN -
စစ်အာဏာရှင် အစိုးရကို ဆန့်ကျင့်ဆန္ဒပြရာတွင် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများပါဝင်လာသဖြင့် ဘဏ်လုပ်ငန်းများ ပိတ်ဆိုင်းလိုက်ရသည့် အဆင့်ဖြစ်သွားကြောင်း စုံစမ်းသိရသည်။ ထိုထဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် တခြား မြို့ရှိ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်မှု Civil Disobedience Movement (CDM) လှုပ်ရှားကာ အလုပ်မဆင်းကြသဖြင့်...
စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် မိုင်းရယ် လူငယ်တဦး ဖမ်းခံရ
သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်သည့် လူငယ် အမျိုးသားတဦးကို ယနေ့ (ဖေဖော်ဝါရီ ၉ ရက် )ညနေ ၆နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၉ )ရက် သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံး စစ်အာဏာရှင်...






