မူဆယ်မြို့ တရုတ်-မြန်မာ ငွေလှဲသူများ ကိုယ်ရေးမှတ်တမ်း ကို စစ်ကောင်စီက လိုက်လံကောက်ယူနေ

မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့ တွင် တရုတ်- မြန်မာ ငွေလှဲလှယ်ပေးသည့်သူများ၏ အမည်စာရင်းကို အကြမ်းဖက် စစ်ကောင်စီမှ လိုက်လံကောက်နေသဖြင့် ငွေလွှဲလုပ်ကိုင်သူများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဧပြီ ၄)ရက် မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စုမှ မူဆယ်မြို့ နာရီစဉ်၊ ဈေး အနီးပတ်ဝန်းကျင်တွင် တရုတ်-မြန်မာ ငွေလှဲလှယ်မှု ပြုလုပ်နေသည့် သူများ၏ အမည်စာရင်း၊ ဖုန်းနံပတ် နှင့် မှတ်ပုံတင်များကို လိုက်လံကောက် နေ သဖြင့် ငွေလွှဲလုပ်ကိုင်သူများက စိုးရိမ် ထိတ်လန့်နေရကြောင်း မူဆယ်ဒေသခံများက ပြောဆိုသည်။

“ သူတို့ မနေ့က မနက်လိုက်ကောက်တာ၊ နယ်ထိန်းက လာကောက်ပြီးတော့ စစ်တပ်က လိုက်လာတယ်။ နာမည်၊ မှတ်ပုံတင်၊ နေရာ၊ အဘ အမည်တွေကိုတောင်းသွားတာ။ ဘာကြောင့်ကောက်တာလဲတော့ မသိရသေးဘူး” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်-မြန်မာ ငွေလှဲပေးသူများကို ဒေါ်လာငွေ လာလှဲသူရှိပါက မလှဲပေးရန် နှင့် အကယ်၍ ဒေါ်လာလာရောက်လှဲသူများရှိပါက ဖုန်းဆက်အကြောင်းကြားရန်လည်း အကြမ်းဖက်စစ်ကောင်စီက ပြောဆိုခဲ့သည်။

“ သူတို့ (စစ်ကောင်စီ) က ဒေါ်လာလာလှဲရင် မလှဲပေးနဲ့ပြောတယ်။ လာလှဲရင်လည်း သူတို့ကို ဖုန်းဆက်လို့ ပြောသွားတယ်။ တရုတ်ငွေနဲ့ လှဲတာတော့ ဘာမပြောဘူး။ ဒေါ်လာလှဲရင်ပြောတာ။ အရင်ကတည်းကတော့ ဒေါ်လာတော့သိပ်မလှဲဖူးဘူး” ဟုငွေလှဲလှယ်လုပ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် ယခင်းကတည်းက မြန်မာ နှင့် တရုတ် ငွေလှဲမှုကိုသာ အဓိကလုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်လာငွေကို ဘဏ်တွင် အများစုသွားလှဲခဲ့ကြောင်းသိရသည်။

လက်ရှိ မူဆယ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုသည် လမ်းသွားလမ်းလာသူများ၏ လက်ကိုင်းဖုန်းများကို လိုက်လံစစ်ဆေးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...