Wednesday, January 28, 2026

နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြနေသည့် လူငယ်များကို ကျောင်းဆရာမတဦးက ထမီလှန်ပြပြီး ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်သော မူလတန်းပြဆရာ/ဆရာမများ မွမ်းမံသင်တန်း တက်နေသည့် ပညာရေးဝန်ထမ်းများကို လူငယ်များမှ သင်တန်းတက်ခြင်းကို ရှုတ်ချကြောင်း သွားရောက်ဆန္ဒထုတ်ဖော်စဉ် ကျောင်းဆရာမ တဦးက ထမီလှန်ပြပြီး တုတ်ဖြင့်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း နောင်ချိုဒေသခံများ ပြောပြချက်အရသိရသည်။

“ ဆရာမတွေက မူလတန်ပြနေတဲ့ဆရာမပါ။ ကလေးတွေက မွမ်းမံသင်တန်း တက်တာ သွားပြီးဆန္ဒပြတယ်။ အဲ့မှာ ဆရာမက ထမီလှန်ပြပြီး ကလေးတွေကို ရိုက်တဲ့ ဟန်ပြတယ်” ဟု နောင်ချိုဒေသခံတဦး ကပြောသည်။

နောင်ချို လူငယ်များကို ထမီလှန်ပြသည့် ဆရာမသည် အသက် (၅၀)အရွယ်ရှိပြီး အလက (ခွဲ)ကျောင်းတွင် အထွေထွေလုပ်သားဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိမှာ မူလတန်းပြ သင်တန်းကို လာရောက်တက်ရောက်သူ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြသည့်လူငယ်များကို ထမိန်းလှန်ပြသည့်အပေါ်တွင် “ ကလေးတွေ စာသင်မဲ့ဆရာ၊ ယဉ်ကျေးအောင်သင်ပေးရမဲ့ ဆရာမက ထမီလှန်ပြတယ်ဆိုတော့ ကျနော်တို့က ဘယ်လိုသတ်မှတ်ရမလဲတောင်းမှ မသိတော့ဘူး။ လူယဉ်ကျေးမှုအရ သတ်မှတ်တောင်းတော်တော်ခက်နေပြီး။ လုံးဝမဖြစ်သင့်ကိစ္စလို့ဘဲ ကျနော်သုံသပ်ပါတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၊ဆရာမများတစ်ချို့ CDM လှုပ်ရှားမှုတွင်ပါဝင်လာခဲ့ကြသော်လည်း စစ်အာဏာရှင်၊ ကြံ့ခိုင်ရေးပါတီ နှင့် ပတ်သက်သည့် တချို့ ဆရာ/ဆရာမများမှာ CDM မပါဝင်ခဲ့ပေ။

စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသော ဆရာ၊ဆရာမများသည် CDM ကို ပါဝင်ကြပြီး၊ နေ့စဉ်နဲ့ အမျှ စစ်အာဏာရှင်ကို ကျဆုံးရေးအတွက် ဆန္ဒပြ နေကြသူများဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ...