သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေရွာတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ် (၂၈) လုံးမီးလောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တိုက်ပွဲပြင်းထန်းမှုကြောင့် မတ်လ ( ၂၉ ) ရက် တွင်နေအိမ် (၁၂ )လုံးမီးလောင်သွားပြီး ဧပြီ (၄) ရက်နေ့တွင် (၁၆) လုံးမီးလောင်းသွားခဲ့ကြောင်းသိရသည်။
“ ၂၈ အိမ်လောက် မီးလောင်သွားတာ။ လက်နက်ကြီးတွေကျတယ်။ ဘယ်သူပစ်လဲတော့ မသိသေးဘူး ” ဟု ပန်လုံကျေးရွာဒေသခံ အမျိုးသား တဦးက ပြောသည်။
တိုက်ပွဲကြောင့် လက်နက်ကြီးများ အိမ်ပေါ်သို့ကျသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။
လက်ရှိအချိန်ထိ မီးလောင်သွားသည်အိမ်များကို အိမ်ပိုင်ရှင်များက သွားရောက်ကြည့်ရှုခြင်းမရှိရသေးသဖြင့် ဆုံးရှုံးမှု တန်ဖိုးကို မသိရှိရသေးပေ။
“ အိမ်တွေမီးလောင်သွားတာ အိမ်ပိုင်ရှင်တွေက အကုန်မသိသေးဘူး။ သိတဲ့သူတွေကလည်း လာမကြည့်ရသေးဘူး။ ဘယ်လောက်ဆုံးရှုံးသွားတာလည်းဆိုတာကို အသေးစိတ်မသိရသေးဘူး။ အဲ့ရွာကလူတွေ အကုန်းလုံးက ရှောင်းတိမ်နေ ရတယ်လေ” ဟု ဒေသခံတစ်ဦးကပြောသည်။
ပန်လုံးကျေးရွာရှိပြည်သူများသည် နီးစက်ရာမြို့၊ရွာသို့သွားပြီး စစ်ဘေးရှောင်းပြီး ခိုးလှုံနေရကြောင်းသိရသည်။
နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့တိုက်ပွဲသည် မတ်လ ၁၃ ရက်နေ့စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်မားနေကြောင်း ဒေသခံကပြောသည်။
အလားတူ မတ်လ ၂၈ ရက်နေ့တွင် ကျေးရွာတွင်းသို့ ဗုံးကြီးကျရောက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့ပြီး လက်ရှိ လာရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။