Saturday, January 31, 2026

CATEGORY

နိုင်ငံရေး

သျှမ်းတွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိနေ

သျှမ်းပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းမတင်သွင်းသူ လေးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၅၀ နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၀၀ ထိ အသုံးပြုခွင့်ရရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၇ အရ...

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ် မဲရလဒ်အပေါ် SNLD ဉီးမော်ထွန်းအောင် ကန့်ကွက်လွှာတင်

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ်တွင် မဲမသမာမှုရှိသဖြင့် ရရှိလာသော မဲရလဒ်အား ကန့်ကွက်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဉီးမော်ထွန်းအောင်က ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅ ) နေရာတွင် TNP မှ ဦးအိုက်မွန်းက SNLD၊ USDP...

“အခု ရွေးကောက်ပွဲဝင်တဲ့ပါတီအားလုံးမှာ မျှော်မှန်းထားတာထက်ပိုရတာ NLD တစ်ခုပဲရှိတယ်”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ၁ ဦးစိုင်းညွန့်လွင်နှင့်အင်တာဗျူး တိုင်းရင်းသားပါတီများထဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အားကောင်းသောပါတီတစ်ခုဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၁၇ နေရာရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က နေရာပေါင်း ၄၂ နေရာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ခိုင်ဖြိုးပါတီတို့နောက် နေရာတတိယအများဆုံး အနိုင်ရရှိထားသည့်ပါတီတစ်ခုဖြစ်သည်။ အဆိုပါ ပါတီသည်...

နမ္မတူ နှစ်ကျော့ပြန်စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ တိုက်ပွဲကြောင့် နှစ်ကျော့ပြန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ မိမိနေရပ်သို့ စိုးရိမ်စိတ်ဖြင့်ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ပြည်သူ (၁၈၀) ခန့် ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၃)ရက် မနက်ပိုင်းတွင် မိမိနေရပ်သို့...

နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင် (၁၀၀)ကျော်ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက ပစ်ခတ်မှု ငြိမ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်ကို ပြန်သွားကာ နာရီပိုင်းအကြာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြန်ဖြစ်ပွားမှုကြောင့်...

CSSU ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ ပါ၀င်ဆွေးနွေးတော့ ကောင်းတဲ့အခင်းအကျင်းဖြစ်တယ်

(CSSU ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းခန်း) ဒီဇင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီအွန်လိုင်းအစည်းအ၀ေးမှာ CSSU အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်တွေအပြင် အလုပ်အမှုဆောင်အဖွဲ့တွေ စုစုပေါင်း ၅၆ ယောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခုလို စုံစုံညီညီမကျင်းပ ရတာကြာပြီဖြစ်တဲ့ ဒီ...

လာမယ့်လွှတ်တော်မှာအမျိုးသမီးအမတ်တွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လာစေလို

လက်ရှိ နိုင်ငံရေးတွင် အမျိုးသမီးများပါတီဝင်မှု အခြေအနေများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် အမျိုးသမီး၏အခန်းကဏ္ဍများအတွက် အစိုးရ၏ဆောင်ရွက်ချက်များ အားရကျေနပ်ဖွယ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ဒါရိုက်တာ နန်းမွန်းကိန်အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက မေးမြန်းထားပါသည်။ မေး - ရှမ်းပြည်နယ်က အမျိုးသမီးတွေနိုင်ငံရေးရေချိန်တက်လာပြီလို့ပြောလို့ရလား။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှုနှုန်းကရော...

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး ကျားဖြူပါတီ ဥက္ကဌ မတက်ရောက်

၂၀၂၀ ခုနှစ် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား လက်ရှိကျင်းပနေရာမှာ အဖွဲ့ဝင်အသီးသီးမှ ခေါင်းဆောင်များအားလုံးတက်ရောက်နိုင်သော်လည်း ကျားဖြူပါတီ ဥက္ကဌ က ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကြားသိရသည်။ ကိုဗစ်ကာလ သွားလာမှုခက်ခဲသောကြောင့် CSSU အစည်းအဝေးကို ဒီဇင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ အွန်လိုင်းဖြင့်သာ ကျင်းပပြု...

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဟု သျှမ်းပြည်နယ်ရွေးကော်ပြော

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းထားသော ကိုယ်စား လှယ်လောင်း မည်မျှရှိနေသည်လဲဟု ဆက်သွယ်မေးမြန်းမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သတ်မှတ်ရက်မ ပြည့်သေးသည့်အတွက် ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ “လာမတင်သေးတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ တရားဝင်ပြောလို့ မရသေးဘူး။ သတ်မှတ်ရက်...

Latest news